ခမ်းသားငေါဝ်း
ဇူလိူင် ၇၊ ၂၀၂၅
https://www.facebook.com/share/p/1CoqDMrn54/
ပင်လုံမြို့ဝင် တံတားတွင် ဆိုင်ကယ် နှစ်စီး တိုက်မိပြီး တစ်ယောက်သေဆုံးကာ တစ်ယောက် ဆေးရုံ ပို့ ထားရကြောင်း ပင်လုံလူမှုကူညီရေး အသင်းထံမှ သိရသည်၊။
ရှမ်းပြည်နယ် တောင်ပိုင်းပင်လုံမြို့ အရှေ့ဘက်လွိုင် ဖလန်လမ်း လယ်ကွက်တံတားအနီးတွင် ဇူလိုင်လ ၆ ရက် ညနေပိုင်း ၆ နာရီခန့် အချိန်က မော်တော် ဆိုင်ကယ် နှစ်စီး တိုက်မိပြီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“နှစ်စီးတိုက်တာပါ တယောက်ကပွဲချင်းပြီး သေတယ် တယောက်ကနေရပ်လိပ်စာမသိ မိသားစုလဲမသိသေးဘူး၊”ဟု ပင်လုံလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
သေဆုံးသူသည် တောင်ကြီးဘက်ကဟု သိရပြီး ၊ အမည် နေရပ် လိပ်စာ မသိရသေးကြောင်း ကူညီဆောင်ရွက်ပေးသူက ဆိုသည်၊။
အဆိုပါ မော်တော်ဆိုင်ကယ် မောင်းနှင်သူ နှစ်ဦးလုံးသည် ဆိုင်ကယ် ဦးထုပ် မဆောင်းကြဘဲ၊ သေဆုံးသူ အမျိုးသားသည် အသက် ၃၀ ကျော် အရွယ် ရှိကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကို လွိုင်လင် ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။
#ppv006
#မှုခင်း
#ပင်လုံ
#ယာဥ်တိုက်မှု
#သေဆုံး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်