ခမ်းသားငေါဝ်း

ဇူလိုင် ၇၊ ၂၀၂၅

https://www.facebook.com/share/p/1AtzN7vuM1/

မာနယ်ပလောကို စစ်ကောင်စီမှနှစ်ပေါင်း ၃၀ ကြာ သိမ်းပိုက်တပ်စွဲထားရာမှ ပြန်လည်ရရှိရန် စစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြသည့် တပ်မှူးနှစ်ဦးကို KNU က ကော်သူးလေရဲစွမ်း သတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့ကြောင်း KNU ကယနေ့ တွင်ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဌာနချုပ်ဟောင်းဖြစ်သည့် မာနယ်ပလောရှိ ဗျူဟာစခန်းအဆင့် ပွိုင့် ၉၁၃ စခန်းကုန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်တွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်များက ပြန်လည် သိမ်းပိုက်ခဲ့သည်။

ထိုစစ်ဆင်ရေးအား အကောင်အထည်ဖော်ကြသည့်ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ စစ်ဌာနချုပ်- ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဒုဗိုလ်မှူးကြီး စောခင်လေးနှင့် တပ်မဟာ ၇၊ တပ်ရင်း ၂၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောတင်မြင့်ထူးတို့ကို ဇူလိုင် ၅ ရက်နေ့တွင် ဆုတံဆိပ် ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မာနယ်ပလောစစ်ဆင်ရေးတွင် တိုက်ပွဲဝင်ခဲ့ကြသည့်တပ်ဖွဲ့ဝင်အသီးသီးများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- KNU
PPV001
#ကရင်အမျိုးသားအစည်းအရုံး
#KNU
#ဌာနချုပ်ဟောင်း
#မာနယ်ပလော
#ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် #ပူးပေါင်းတပ်များကပြန်လည်သိမ်းပိုက်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed