ခမ်းသားငေါဝ်း

ဇူလိုင် ၇၊ ၂၀၂၅

https://www.facebook.com/share/p/15c8pwMwLC/

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ပူးပေါင်းတပ်တို့ သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်မှ တိုက်ပွဲကြီးငယ် အကြိမ်(၆၀၀)ကျော် ကို ၆ လကြာထိုးစစ်ပြန်ဆင်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ကရင်နီတော်လှန်ရေးတပ် မှ ထိန်းချုပ်ထားသည် မိုးဗြဲကို စစ်ကောင်စီ တပ်မှ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation) က်ို ၂၀၂၅ နှစ်ဦးပိုင်းမှ စခဲ့ပြီး မိုးဗြဲမြို့ကို ဇူလိုင်(၆)နေ့တွင် ပြန်လည်း ထိန်းချုပ်နိုင်ခဲ့ကြောင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ ဖယ်ခုံ – မိုးဗြဲအနောက်ဘက်ခြမ်းနှင့် မိုးဗြဲမြို့ အရှေ့ဘက်ခြမ်းတို့ကို စစ်ကြောင်းထိုးကာစတင်ထိန်းချုပ်ပြီး မြို့မြောက်ဘက်ခြမ်းမှ သစ်ရာကုန်းနှင့် စည်ကား ၂ ရပ်ကွက်တို့ကို လက်နက်ကြီး၊ လေကြောင်းပစ်ကူများသုံးကာ စတင်သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

မြို့ပေါ်ရပ်ကွက် ၁၄ ခုတွင် ရပ်ကွက်အလိုက် မြေပေါ်မြေအောက်ဘန်ကာများနှင့် တိုက်ပွဲကြီး ၂၁၅ ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် ၄၀၀ ဖြစ်ပွားခဲ့ ပြီးမှ မိုးဗြဲမြို့၏ တောင်ဘက်အစွန်းဆုံး မွေတော်ဘုရားရှိရာ မြို့မ ရပ်ကွက်ကို ဇူလိုင် (၅)ရက် စစ်ကောင်စီတပ်က ပြန်သိမ်းနိုင်ခဲ့ကြောင်းဖော်ပြထားသည်။

အလားတူ အရှေ့ဘက် အစွန်းဆုံးဖြစ်သည့်ညောင်ဝိုင်းရပ်ကွက် ကို ဇူလိုင် (၆)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲ ကြီးငယ် (၆၁၅)ကြိမ် ၊အလောင်း (၂၄)လောင်း၊ လက်နက်မျိုးစုံ (၆၃) အပြင် အရေးကြီး စာရွက်စာတမ်းများနှင့် videos ဖိုင်များသိမ်းဆည်းရမိကြောင်းဖော်ပြထားသည်။

မိုးဗြဲမြို့ကိုပြန်ရရှိသည့် စစ်ကောင်စီသည် လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံ – ပင်လောင်း ဆက်သွယ်ရေး လမ်းမကြီးကို ပြန်ဖွင့်ရန်အတွက် ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

PPV0013
ပုံ-အွန်လိုင်း
#စစ်ရေး
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
#KNDF
#ပူးပေါင်းတပ်တို့သိမ်းပိုက်ထား
#မိုးဗြဲမြို့
#တိုက်ပွဲကြီးငယ်
#စစ်ကောင်စီသိမ်းပိုက်နိုင်ခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7