ခမ်းသားငေါဝ်း
ဇူလိုင် ၄၊ ၂၀၂၅

https://www.facebook.com/share/p/19s6z8hq4S/

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲတိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ဗျူဟာ အမှတ် ၉၊ တပ်ရင်း ၁၀၂ တပ်စိတ်မှူး တစ်ဦးကျဆုံးသွားကြောင်း SSNDF/KNDF တပ်ရင်း ၁၀၂ ကထုတ်ပြန်ထားသည်။

SSNDF/KNDF တပ်ရင်း ၁၀၂ တွင်တာဝန်ထမ်းဆောင်နေသော တပ်စိတ် ၂ တပ်စိတ်မှူး၊ ရဲမင်းအောင် (ခ) အရှည်ကြီးသည် ဇွန်လ ၃၀ ရက်နေ့ ၌ မိုးဗြဲတိုက်ပွဲအတွင်း ရန်သူလက်နက်ကြီး ကျည်စ ရင်ဘတ် ထိမှန်ကာ ကျဆုံးသွားကြောင်းသိရသည်။

အာဏာရှင်စနစ်အမြစ်ပြတ်ခြေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်းတော်လှန်ရေးအတွက် အသက်ပေးသွားခဲ့သည့်အတွက် အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး၊ ကျန်ရစ်သူမိသားစုများ နှင့်အတူ ဝမ်းနည်းကြေကွဲကြောင်း ဆိုထားသည်။

ကျဆုံးရဲဘော်၏ မပြီးပြတ်သေးသော တာဝန်များကို ကျန်ရှိတော်လှန်ရေးရဲဘော်ရဲဘက်များ မှ ဆက်လက်တာဝန်ထမ်းဆောင်မည်ဟု SSNDF/ KNDF ကဆိုသည်။

မိုးဗြဲမြို့လမ်းမကြီး နှင့် မြို့တွင်းနေရာ အတော်အများကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တော်လှန်ရေးအင်အားစုများ နှင့် ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

#PPV 003
#တိုက်ပွဲ
#မိုးဗွဲ
#SSNDF/KNDF

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home