ခမ်းသားငေါဝ်း
ဇူလိူင် ၄၊ ၂၀၂၅

https://www.facebook.com/share/p/1A8Z9i4Tpg/

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေသည် ယနေ့ ဇူလိုင် (၄)ရက် နံနက်(၉)နာရီ တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေအမှတ်ထက် (၂)လက်မခန့် ကျော်လွန်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ စိုးရိမ်နေမှတ်သည် နောက်ထပ်(၁၂)နာရီအတွင်း ထပ်မံမြင့်တက်လာနိုင်သည့်အတွက် ချောင်းဘေးတစ်လျှောက် နေ အများပြည်သူ အနေဖြင့် သတိထား နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။

“ဖြစ်နေကျဆိုပေမဲ့ ဖြစ်လာရင် ဖြစ်လာမှ ရှောင်ဖို့ အသိပေးကျတာပဲ တွေ့တယ်။ ဖြစ်စေချင်တာက ဒီလိုမဖြစ်အောင် ဖြေရှင်းတဲ့နည်းလမ်းကို လုပ်စေချင်တာပါ။ နှစ်တိုင်းလိုလိုကြုံရတယ်။ စိတ်ပင်ပန်းလူပင်ပန်းရတယ်။ ကျွန်မနေတဲ့ တာလော့ဖက်လည်း ရေကြီးနေတယ်။ ဒီထက်တက်လာဖို့ရှိတယ် သတိပေးကြတော့ ရွေ့နိုင်တာ ရွေ့ရမှာပဲ”ဟု ဒေသခံ အမျိုးသမီးက ခမ်းသားငေါဝ်းကို ပြောသည်။

တာချီလိတ်မြို့ရှိ ပုန်းထွန်၊ တံတား (၁)၊ မာကာအိုခမ်း၊ တာလော့၊ ဆန်ဆိုင်း၊ မဲခေါင် စသည့် ရပ်ကွက်မှာ ရေကြီးမှုဖြစ်နေပြီး မိုးဆက်လက်ရွာသွန်း နိုင်သောကြောင့် ပျက်စီးမှုနည်းပါးစေရန် သတိထားနေထိုင်ကြရန် အသိပေးကြေညာထားသည်ကို တွေ့ရသည်။

#PPV0011
#သဘာဝဘေး
#မယ်ဆိုင်ချောင်း
#ရှမ်းရှေ့
#တာချီလိတ်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home