ခမ်းသားငေါဝ်း
ဇူလှိုင် ၄၊ ၂၀၂၅

https://www.facebook.com/share/p/1CL7MmfDBG/

စစ်ကောင်စီက စမတ်ကဒ်မရှိသည့် အငြိမ်းစား ဝန်ထမ်းများကို ပင်စင်လစာမထုတ်ပေး​ေတာ့ခြင်းကြောင့် ကျန်းမာရေးမကောင်းသည့် သူနှင့်အသက် ၉၀ ဝန်းကျင်သက်ကြီးများ တောင်ကြီးမြို့စုပေါင်းရုံး၌ စမတ်ကဒ် လာလုပ်ရသည့် ပင်စင်စားအဘိုးအ ဘွားကို နှိပ်စက်ရာရောက်ကြောင်း ဇူလိုင် ၃ ရက်နေ့က ဖြစ်စဉ်တွေ့ရှိသူက ဆိုသည်။

တောင်ကြီးမြို့စုပေါင်းရုံးအတွင်း ကား၊ဆိုင်ကယ်မောင်းဝင်ခွင့်မရှိတော့ဘဲ ဂိတ်ပေါက်ဝမှ ရုံးအထိ လမ်းလျှောက်နေရသည့် ကျန်းမာရေးမကောင်းသူနှင့် အသက် ၉၀ ဝန်းကျင် သက်ကြီးများအတွက် အလွန်ပင် ဒုက္ခ ကြုံတွေ့နေ ရကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။

‘’ဝီးချဲလည်းမရှိ၊ ဘာမှမရှိပဲ ဂိတ်ဝကနေ စုပေါင်းရုံးထဲကို လမ်းလျှောက်တာ နာရီဝက်လောက်ကြာတယ်၊ အလွန် သနားဖို့ကောင်းတာ၊ ဒီနေ့မနက် စုပေါင်းရုံးမှာ လေဖြတ်တဲ့သူကိုကြည့်ပြီး တော်တော် ခံစားလိုက်ရတယ်၊ အချို့ ပင်စင်စားတွေကအိပ်ယာထဲလဲနေရတဲ့သူကို ဘာလို့ခေါ်ပြီး နှိပ်စက်ရတာလဲ။ ဒီဥပဒေကိုချတဲ့သူကော၊ လိုက်လုပ်တဲ့သူကော အကုန်မုန်းစရာကြီး” ဟု မျက်မြင်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဇူလိုင်လကုန်လျှင် ဘဏ်က စမတ်ကဒ်မရှိသည့် ပင်စင်စားများကို ငွေမထုတ်ပေးတော့ကြောင်းပြောဆိုပြီးနောက် တကူးတကလိုက်လုပ်နေရကြောင်းသိရသည်။

တစ်လကျပ် တစ်သိန်းကျော် နှစ်သိန်းဝန်းကျင် ထိုပင်စင်လစာကိုအားကိုးနေသူအတွက် ပင်စင်လစာမထုတ်ပေးတော့မည်ကို စိုးရိမ်၍ သတ်မှတ်ထားသည့်ဥပဒေအတိုင်း မတတ်နိုင်သော်လည်း လိုက်လုပ် နေရကြောင်းသိရသည်။

ပင်စင်စားအတွက် စမတ်ကဒ် သွားလုပ်ပေးသည့်သူ တစ်ဦးက ‘’တချို့အငြိမ်းစားပင်စင်စားအရမ်းသနားဖို့ကောင်းတာ ဒီပင်စင်စားတစ်လ တစ်သိန်းလောက်နဲ့ အားထားနေရတာ၊ “ဟု ပြောသည်။

စမတ်ကဒ်လုပ်သည့် သက်ကြီးပင်စင်စားများသည် အွန်လိုင်းကထည့်သွင်းထားသည့် စာရင်းများလည်း ၁၀ ဦးသည် ၉ ဦးက မမှန်ကန်သည့်အတွက် ထိုသို့ပြင်ဆင်ရန်လည်း စမတ်ကဒ်ပြုလုပ်ရာ ရက်ထပ်ရွေ့နေကြခြင်းလည်းရှိသည့်အတွက် အခက်ခဲဖြစ်စေကြောင်းသိရသည်။

ပင်စင်စားအငြိမ်းစား ဝန်ထမ်းအများစုသည် မျက်စိ၊ နှားမကောင်းတော့သည့်သူ၊ ကျန်းမာရေးမကောင်းသည့် သူဖြစ်ကြ သလို အသက်ကြီးသူအများစုလည်း ဖြစ်ကြကြောင်းသိရသည်။

တောင်ကြီးမြို့နယ် ရွှေညောင်၊ အေးသာယာ ရှိ ပင်စင်စားအဘိုးအဘွားအချို့သည် စုပေါင်းပြီးကားငှားကာ တောင်ကြီးမြို့စုပေါင်းရုံးအထိ စမတ်ကဒ်လာလုပ်နေကြသူများလည်းရှိကြောင်းသိရသည်။

စစ်ကောင်စီက ဇူလိုင်လ ၄ ရက်နေ့ကစပြီး စမတ်ကဒ်ထုတ်ပေးခြင်းကိုယာယီရပ်ဆိုင်းမည်ဟုလည်းထုတ်ပြန်ထားသည်။

#ppv002
#စမတ်ကဒ်
#Humanright
#စုပေါင်းရုံး
#ပင်စင်စား

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home