ခမ်းသားငေါဝ်း
ဇူလိုင် ၃၊ ၂၀၂၅
https://www.facebook.com/share/p/1CyQFDNNwr/
စစ်ကောင်စီ၏ တိုက်လိုက်ရေးလေယာဥ်တစ်စီး ဖားဆောင်းမြို့ အနီးတွင် ပျက်ကျသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ကရင်နီပြည်၊ ဖားဆောင်းမြို့အနီး တွင် ပျက်ကျသွားသော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးကို တော်လှန်ရေးတပ်များက ဇွန်လ ၃ ရက်နေ့ (ယနေ့) တွေ့ရှိ ခဲ့သည်။
” ဟုတ်ပါတယ်၊ လေယာဥ်ပျက်ကျတဲ့နေရာမှာ လည်း လေယာဥ်မှူးအလောင်း နှစ်လောင်းပါတွေ့ရတယ်လို့သိရပါတယ်၊ ဘာကြောင့်ပျက်ကျသွားလည်းဆိုတာကို တော့အတိကျ သတင်းမသိရသေးပါဘူး” ဟုတော်လှန်ရေးတပ်ဖွဲ့ဝင်က ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီက ဇွန်လ ၁ ရက်နေ့ညနေပိုင်းတွင် ၎င်းတို့၏တိုက်လေယာဥ် တစ်စင်း နေပြည်တော် အရှေ့တောင်ဖက် (၁၃၀) ကီလိုမီတာအကွာတွင် ရုတ်တရက်ရေဒါမြင်ကွင်း မှပျောက်ကွယ်သွားပြီး ဆက်သွယ်မှုပြတ်တောက်သွားကြောင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများတွင်လည်း ပြည်သူများကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေလျက်ရှိသည်။
PPV 003
ပုံ-KNDF
#စစ်ရေး
#ကရင်နီပြည်
#ဖားဆောင်းမြို့အနီး
#ပျက်ကျ
#တိုက်လေယာဥ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7