ခမ်းသားငေါဝ်း
ဇူလိုင် ၃၊ ၂၀၂၅
https://www.facebook.com/share/p/16VWH597mi/
မိုးဗြဲမြို့ နေရာအချို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
ရှမ်း- ကရင်နီနယ်စပ် မိုးဗြဲတွင် တော်လှန်ရေးအင်အားစုများ နှင့် စစ်ကောင်စီတို့အကြား နေ့စဥ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး မိုးဗြဲ မြို့တွင်းနေရာအချို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
“တစ်မြို့လုံးထိန်းချုပ်နိုင်တာမျိုးတော့မဟုတ်သေးပါဘူး၊ ရပ်ကွက်အချို့ရယ် အဓိက မိန်းလမ်းမကြီးရယ်တော့ စစ်ကောင်စီက ရသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်နေပြီး၊ နှစ်ဖက်ထိခိုက် ကျဆုံးမှုများကြောင်းသိရသည်။
” ဒီမိုးဗြဲတိုက်ပွဲမှာတော့ တော်လှန်ရေးဖက်က ပေးဆပ်လိုက်ရတာတွေရှိတယ်၊ စစ်ကောင်စီလည်း ထိခိုက်သေဆုံးမှုတွေေများတယ်၊ စစ်ကောင်စီ ရဲ့ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း ပစ်ကူတွေကြောင့် သူတို့ရှေ့တိုးနိုင်တာ” ဟု ၎င်း ကဆက်ပြောသည်။
မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများမကြာခဏ ပြုလုပ်နေပြီး ယခုအချိန်တွင် မိုးဗြဲမြို့ တွင်းနေရာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။
PPV 003
#စစ်ရေး
#မိုးဗြဲတွင်
#တော်လှန်ရေးအင်အားစုများ
#နေ့စဥ်ရက်ဆက်တိုက်ပွဲများဖြစ်ပွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7