ခမ်းသားငေါဝ်း
ဇူလိုင် ၃၊ ၂၀၂၅

https://www.facebook.com/share/p/1DpX9DpZBS/

စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ဇူလ်ိုင်လ(၁)ရက်နေ့ ညအချိန် လေ့ကျင့်ပျံသန်းချိန် ပျောက်ဆုံးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်ထားသည်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းအချိန် ခရီးဝေး လေ့ကျင့်ပျံသန်းနေချိန် နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာတွင်ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ဆုံးသွားကြောင်းဖော်ပြထားသည်။

၎င်း ရေဒါမှ ပျောက်ဆုံးပြီး အဆက်အသွယ်ပြတ်တောက်နေသည့် တိုက်လေယာဉ် တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ စက်ချို့ယွင်းမှုကြောင့် (သို့မဟုတ်) ရုတ်တရက်ရာသီဥတုဆိုးရွားမှုကြောင့် ပျောက်ဆုံးတာဖြစ်နိုင်သည်ဟု တွက်ဆထုတ်ပြန်ထားသည်။

အဆို ပျောက်ဆုံးသွားသည် တိုက်လေယာဉ် သည် Yak-130၊ FTC-2000၊ JF-17 နှင့် MiG-29 တိုက်လေယာဉ်များကို စစ်ကောင်စီတပ်မှ ညပိုင်းလေကြောင်းစစ်ဆင်ရေးများအတွက် အသုံးပြုနိုင်ကြောင်း MDSI မှထုတ်ပြန်ထားသည်။

JF-17 ကို 1000-kg လေကြောင်းဗုံးကြဲရာတွင် အဓိကအသုံးပြုနေခြင်းနှင့် ညပိုင်းစစ်ဆင်ရေးများအတွက် ရုရှားလုပ် Yak-130 အမောင်းသင်ဂျက်တိုက်လေယာဉ်ကို ပိုမိုအသုံးပြုနေသည်ဟု CDM လေတပ်အဖွဲ့သားများက သုံးသပ်ပြောဆိုကြောင်း MDSI က ထုတ်ပြန်ထားသည်။

PPV0013
#စစ်ရေး
#တိုက်လေယာဉ်
#လေ့ကျင့်ပျံသန်း
#ပျောက်ဆုံးနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7