ခမ်းသားငေါဝ်း
ဇူလိုင် ၁၊ ၂၀၂၅
https://www.facebook.com/share/p/19KnbHQ45q/
အောင်ပန်းမြို့ရှိ စစ်ဆေးရုံတွင် ကိုဗစ်ကြောင့် စစ်ကောင်စီတပ်သား(၁)ဦးသေဆုံးကာ ချက်ခြင်း မီးသင်္ဂြိုလ်ခဲ့ကြောင်း ဇူလိုင်(၁)ရက်နေ့တွင် သိရသည်။
ဇွန်လ(၃၀)ရက်တွင် အသက်(၃၅)နှစ် ကိုမင်းအောင် ခလရ -၂၉၂ တပ်မှ အောင်ပန်းစစ်ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် ကိုဗစ်ကြောင့် သေဆုံးခဲ့ပြီး အဆိုပါ သေဆုံးလူနာဆောင်ရှိသူ အားလုံးကို တပ်မှူးမှ (၁)ပတ် ကွာရင်တင်း ဝင်ခိုင်းထားကာ အခြေအနေစောင့်ကြည့်နေကြောင်း သိရသည်။
” သူက စစ်တပ် (၂၉၂)တပ်ကပါ။ သူတို့စစ်ဆေးတော့ အဖြေလွှာတွေ အကုန်လုံးက Covide positive ဆိုတော့ တပ်မှူးကလည်း ချက်ချင်း မီးသင်္ဂြိုလ်ခိုင်းတယ်။ သူဆေးရုံတက်ခဲ့တဲ့ အဆောင်ကလူတွေအကုန်လုံး(၁)ပတ် ကွာရင်တင်းနဲ့ စောင့်ကြည့်နေတဲ့အနေအထားပါဗျ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းသို့ပြောသည်။
စစ်ကောင်စီ၏ မြန်မာနိုင်ငံရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနမှ ဇွန်လ(၃၀)ရက် ထုတ်ပြန်ချက်အရ ကိုဗစ်ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၆)ဦးတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆၉)ရာခိုင်နှုန်း ရှိပြီး သေဆုံးလူနာ မရှိသေးကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ (၁၈)ရက်တွင်လည်း မကွေးပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးလူနာ(၁)ဦးရှိခဲ့ကြောင်း M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီထိန်းချုပ်သည့် မြို့များ၌လည်း ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးနေကြောင်း သိရသည်။
PPV0011
#ကျန်းမာရေး
#အောင်ပန်းမြို့
#စစ်ဆေးရုံ
#ကိုဗစ်
#မီးသင်္ဂြိုလ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7