ခမ်းသားငေါဝ်း
ဇူလိုင် ၁၊ ၂၀၂၅
https://www.facebook.com/share/p/1C7dSPxzMx/
တောင်ကြီးမြို့ ၊ ရွှေတောင်နှင့် စိန်ပန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ကိုစစ်မှုထမ်းငွေလက်ခံမှုဖြင့် ပြည်နယ်ရဲတပ်ဖွဲ့ ၊ (ဒန)ဒုစရိုက် နှိမ်နင်းရေးမှ စစ်ဆေးနေကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရွှေတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် တောင်ကြီးမြို့ပေါ်တွင် စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုများကြောင့် လက်ရှိတွင် ပြည်နယ်ဒုစရိုက်နှိမ်နင်းရေးက စစ်ဆေးနေသလို နေပြည်တော်ဗဟိုပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးအဖွဲ့ အမိန့်အရလည်း မကြာမီရက်ပိုင်းတွင် စစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဦးသန်းရွှေသည် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေနှင့် ပူးပေါင်းကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်မှုထမ်းရှောင်နေသူကို လက်ခံထားသည်ဟု စွပ်စွဲပြီး ကံကြီးရပ်ကွက်နေသူတစ်ဦးထံမှ ကျပ်သိန်း ၁၀၀ ငွေညှစ် တောင်းခံမှုနှင့် ပတ်သက်၍ စစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။
“သူက အရင်က လက်နက်မှုတွေရော ၊ ကံကြီးက စစ်မှုထမ်း ကိစ္စအကြောင်းပြပြီး သိန်းတစ်ရာ တောင်းထားတဲ့ကိစ္စ အားလုံး အသိပဲ။ သူက ပိုပို ဆိုးလာလို့ တပ်ထဲကို တိုင်လိုက်တာပါ။ စိန်ပန်း နဲ့ ရွှေတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က တူ၀ရီး တော်ပါတယ်။ သူတို့ နှစ်ယောက် တစ်ဝက်စီ ခွဲယူလိုက်ကြတာ ၊ ညဘက် အချိန် ၁၁ နာရီလောက်ရှိနေတဲ့သူတွေ အကုန်လုံး မြင်တယ်။”ရပ်ကွက်နေပြည်သူ တစ်ဦးက ဆိုသည်။
ဦးသန်းရွှေသည် ယခင် အစိုးရလက်ထက် ကပင် ပျောက်ကျားဝတ်စုံဝတ်သည့်လုံခြုံရေးအဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သလို၊ မြို့နယ်မဘသနှင့် လက်ရှိ တောင်ကြီးမြို့ ပျူစောထီး ခေါင်းဆောင် တစ်ဦးဖြစ်ပြီး စစ်တပ်၊ ရဲ တို့နှင့်ပေါင်းကား ထင်တိုင်းကြဲ နေသဖြင့် မကြိုက်သူများလာခြင်း ဖြစ်ကြောင်း ကြား သိရသည်။
ရွှေတောင်ရပ်ကွက်နေ လူငယ်အချို့သည် ဦးသန်းရွှေ၏ ထင်တိုင်းကြဲလုပ်ဆောင်မှုကြောင့် အပြစ်မရှိ ထောင်ကျခဲ့ရသူလည်းအများအပြားရှိကြောင်းသိရသည်။
လက်ရှိ တောင်ကြီး ၂၂ ရပ်ကွက်တွင် စစ်မှုထမ်းအမည်စာရင်း ပါပါ၊ မပါပါ တစ်အိမ်လျှင် ကျပ် ၅သောင်းစီထည့်နေရပြီး၊ ယင်းအထဲ၌ ရွှေတောင်မှ ဦးသန်းရွှေ၊ စိန်ပန်းမှရာအိမ်မှူးဒေါ် ခင်မှီ ဆိုသူတို့က အခြားရပ်ကွက်များထက် ပြည်သူအပေါ် ဖိနှိပ်မှု အဆိုးဆုံး အမည်ထွက်နေကြောင်း ဒေသခံများက ပြောသည်။
ယခင်နှစ် ၂၀၂၄ ခုနှစ် က လက်နက်အမှုကို ငွေပေး အမှုပိတ်သိမ်းခဲ့သည်ဟုလည်း ကြားသိရပြီး ၊ လက်နက် ခိုးရောင်းစဉ် ဝယ်ယူထားသူက မကိုင်ရဲဘဲပြန်အပ်စဉ် အမှုပေါ်ပေါက်ခြင်း ဖြစ်ကြောင်း ကြား သိရသည်။
#PPV-006
#Humanright
#အုပ်ချုပ်ရေးမူး
#ရွှေတောင်
#စိန်ပန်း
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်