ခမ်းသားငေါဝ်း
ဇူလိုင် ၁၊ ၂၀၂၅

https://www.facebook.com/share/p/1CEBdcWpAB/

စစ်ကောင်စီသည် ၂၀၂၅ ငြိမ်ချမ်းရေး ဖိုရမ်ကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော်လည်း တကယ့်လက်တွေ့မြေပြင်တွင် လေကြောင်း၊ လက်နက်ကြီးများကြောင့် အရပ်သားပြည်သူ နေအိမ်များ အသက်များဆုံးရှုံးနေရကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင်ရှောင်ရေးအသင်း (AAPP) မှ မနေ့တွင် ကထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ငြိမ်ချမ်းရေးဖိုရမ် (Peace Forum) ၂၀၂၅ ကို“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့”ဟု ဆောင်ပုဒ်ဖြင့် နေပြည်တော်ရှိ မင်္ဂလာ သိီရီဟိုတယ်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ၏ ရုပ်သံသတင်းမှဖော်ပြထားသည်။

သို့သော် စစ်ကောင်စီမှ အမည်ခံငြိမ်းချမ်းရေးဖိုရမ်ကို ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ပြုလုပ်နေချိန် လက်တွေ့မြေပြင်၌ အရပ်သားပြည်သူလူထုမှာ စစ်အုပ်စု၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများ၊ သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆိုးရွားစွာကြုံတွေ့နေရပြီး နေရပ်စွန့်ခွါထွက်ပြေးနေကြရကြောင်း AAPP မှ ထုတ်ပြန်ထားသည်။

ဇွန်လ ၂၅ ရက်နေ့၌ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ဆယ်နှင့်ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင့်သိရသည်။

အလားတူ ဇွန်လ ၂၆ ရက်နေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကညင်တဲကျေးရွာ၊ လင်းရောင်ခင်ကျေးရွာနှင့် ခြောက်အိမ်စုကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးခဲ့သည်။

ထို့ပြင် ဇွန်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ကင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သလို့ ၎င်းကျေးရွာအနားရှိ မင်းကွန်းကျေးရွာကိုလည်း ဝင်ရောက်ပြီး လူနေအိမ် အိမ်ခြေ ၆၀၀ နီးပါးအား မီးရှို့ပျက်စီးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဖိုရမ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နွေဦးတော်လှန်ရေးအင်အားစုတို့ မပါဘဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ လူသားချင်းစာနာမှု ဆိုင်ရာများနှင့် အပစ်ခတ်ရပ်စဲရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးရေး စသည့်ကိစ္စရပ်များကို ဆွေးနွေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀၀ ကျော် သေဆုံးမှုကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ကြောင်းနှင့် ၎င်း အရေအတွက်သည် လက်တွေ့မြေပြင်တွင် အဆများစွာ ပိုမိုမြင့်မားနိုင်ကြောင်း AAPPမှ ထုတ်ပြန်ထားသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ငြိမ်ချမ်းရေးဖိုရမ်
#တကယ့်လက်တွေ့မြေပြင်တွင်
#လေကြောင်း
#လက်နက်ကြီးကြောင့်
#အရပ်သားပြည်သူနေအိမ်များ
#အသက်များဆုံးရှုံးနေရ
#နိုင်ငံရေးအကျဉ်းသားများကူညီစောင်ရှောင်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7