Month: June 2025

စစ်ကောင်စီ ထိန်းချုပ်သည့်မြို့များတွင် ကိုဗစ် ကာကွယ် ဆေး ပြန်လည်ထိုးနှံပေးနေ

ခမ်းသားငေါဝ်း ဇွန်လ ၂၁၊ ၂၀၂၅ စစ်ကောင်စီထိန်းချုပ်သည့် မြို့များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပြန်လည်ထိုးနှံပေးနေကြောင်း သိရသည်။ မြန်မာနိုင်ငံမှာ (၂၀၂၅)ခုနှစ်အတွင်း ကိုဗစ်ပြန်လည်ဖြစ်ပွားနေမှုကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို ကိုဗစ်ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးနေကြောင်း သိရသည်။ “အခုလမှာစပြီး…

တော်လှန်ရေးအောင်မြင်ရန် မတူညီသော အင်အားစုများအကြား ညီညွတ်ရန်လိုအပ်ကြောင်း မဟာမိတ်ခေါင်းဆောင်များ ဆို

ခမ်းသားငေါဝ်း ဇွန်လ ၂၁၊ ၂၀၂၅ တော်လှန်ရေးအောင်မြင်ရန် မတူညီသောအင်အားစု များအကြား ညီညွတ်ရန် လိုအပ်ကြောင်း မဟာမိတ်ခေါင်းဆောင်များက (BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲမှာ အဓိကထားပြောကြားကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၏ အခြေခံစစ်ပညာသင်တန်း…

သွေးချင်းကရင်နီပြည်သူ လူထုနှင့်အတူ ဆက်လက်ရပ်တည်တိုက်ပွဲ ဝင်သွားမည်ဟု PNFC နှင့် PNLO ဆို

ခမ်းသားငေါဝ်း ဇွန်လ ၂၁၊ ၂၀၂၅ https://www.facebook.com/share/p/16Nwy3sKzr/ ဘုံရည်မှန်းချက်များအောင်မြင်သည်အထိ သွေးချင်းကရင်နီပြည်သူလူထု နှင့်အတူ ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း (၁၅၀) နှစ်ပြည့် ကရင်နီအမျိုးသားနေ့တွင် PNFCနှင့်PNLO ပူးတွဲသဝဏ်လွှာပေးပို့ရာတွင်ပြောဆိုလိုက်သည်။ ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်သော (၁၅၀) နှစ် ပြည့်…

ထိုင်းနိုင်ငံမှ မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား အမြောက်အများ ဖမ်းဆီးခံရ

ခမ်းသားငေါဝ်း ဇွန်လ ၂၀၊ ၂၀၂၅ https://www.facebook.com/share/p/1AmfUBEsdK/ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရကြောင်း ဇွန်လ(၂၀)ရက်မှာ အလုပ်သမားဟစ်တိုင်မှ ဖော်ပြထားသည်။ ကန်ချဘူရီခရိုင် ထောဖာဖူမြို့ ချလူကျေးရွာအုပ်စု၂ အနီးမှာ တရားမဝင် နယ်စပ် ဖြတ်ကျော်…

မြေမြှုပ်မိုင်းထောင်ရန်အတွက်ဆိုပြီး ပုံလောင်းရွာဒေသ ခံများကို ခြံယာတွင်း စိုက်ပျိုးရေးလုပ်ခွင့်မပေးဟုဆို

ခမ်းသားငေါဝ်း ဇွန်လ ၂၀၊ ၂၀၂၅ https://www.facebook.com/share/p/1F5FAFnoNY/ PNO ပြည်သူ့စစ်က မြေမြှုပ်မိုင်းထောင်ရန်အတွက် ပုံလောင်းရွာသားများကို မိမိခြံယာအတွင်း စိုက်ပျိုးရေးလုပ်ခွင့်မပေးကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ပုံးလောင်းကျေးရွာဒေသခံတောင်ယာမြေများတွင် PNO‌ ပြည်သူ့စစ်က မြေမြှုပ်မိုင်းထောင်ရန်ဟုဆိုပြီး ရွာသားများကို တောင်ယာလုပ်ကိုင်ခွင့်မ‌ပေးကြောင်းဒေသခံများမှသိရသည်။ “ရွာသားတွေက အခြားဘာအလုပ်မှမရှိဘူး…

စက်သုံးဆီများ ပြတ်လပ်နေ၍ စိုက်ပျိုးတောင်သူများ အခက်တွေ့

ခမ်းသားငေါဝ်း ဇွန်လ၂၀၊ ၂၀၂၅ https://www.facebook.com/share/p/1AZw1EersR/ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းတွင် စက်သုံးဆီများပြတ်လပ်နေသောကြောင့် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့ အင်းအရှေ့ဖက်ကမ်းတွင် စက်သုံးဆီများ ပြတ်လပ်နေသောကြောင့် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေသည်။ ” ဒီဖက်မှာတောင်ယာ လုပ်နေတဲ့လူတွေက အများကြီးရှိနေသေးတယ်၊…

တာချီလိတ်မှ တောင်ကြီးသို့ ကုန်စည်များ တင်ဆောင် ခွင့် မပြုတော့ကြောင်း သိရ

ခမ်းသားငေါဝ်း ဇွန်လ ၂၀၊ ၂၀၂၅ https://www.facebook.com/share/p/1AnGHruLKr/ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မှ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးသို့ ကုန်စည်များ တင်ဆောင်ခွင့် မပြုတော့ကြောင်း ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ ကျိုင်းတုံ၊ တာချီလိတ် ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများ…

ကျောက်မဲ မိုင်းလုံကြား နမ့်ကော်တံတားကျိုးကျ

ခမ်းသားငေါဝ်း ဇွန်လ ၂၀၊ ၂၀၂၅ https://www.facebook.com/share/p/16fkLm3eQN/ ကျောက်မဲ-မိုင်းလုံ -လွယ်ခမ်း ကြားရှိ နမ့်ကော်တံတား ဝန်အားကြီးသည့် ကားကြီး မောင်းသွားရာ ယနေ့မနက် ကျိုးသွားကြောင်း သိရသည်။ TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ-မိုင်းလုံကြားရှိ…

လားရှိုးမြို့တွင်ကုန်စျေးနှုန်းအဆမတန်စျေးကြီးနေမှုကြောင့် မြို့နေပြည်သူများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဇွန်လ ၂၀၊ ၂၀၂၅ https://www.facebook.com/share/p/1QeEwBg3rp/ လားရှိုးမြို့တွင်ကုန်စျေးနှုန်းအဆမတန်စျေးကြီးနေမှုကြောင့်မြို့နေပြည်သူများအခက်အခဲဖြစ်နေကြောင်း မြို့ခံများထံမှသိရသည်။ ရှမ်းပြည်နယ်မြှောက်ပိုင်း၊လားရှိုးမြို့သို့လာသောကုန်တင်ကားများနှင့်ဓာတ်ဆီကားများသည် လမ်းတစ်လျှောက်တွင် စစ်ကောင်စီဂိတ်များနှင့်လက်နက်ကိုင်အဖွဲ့အစည်းများ ငွေကြေးအမြောက်အများကောက်ယူနေမှုကြောင့် လားရှိုးမြို့အရောက်တွင် ကုန်စျေးနှုန်းများမြင့်တက်နေရကြောင်းမြို့ခံများထံမှသိရသည် “အစစအရာရာစျေးကြီးတယ်အလုပ်လဲမဖြစ်ဘူးအလုပ်အကိုင်လဲရှားတော့ချွေတာပြီးစားနေရတာဗျ။ကြက်သားတွေဆို ၅၀၀၀ ဖိုးအနည်းဆုံးပဲရောင်းတာတစ်ထောင်နှစ်ထောင်ဖိုးဆိုဘယ်သူမှမရောင်းပေးဘူး။ ဓာတ်ဆီကလည်းတလီတာကို ၆၀၀၀ အနည်းဆုံးပဲစျေးမကျဘူး။အလုပ်မရှိတဲ့လူတွေဆိုအဆင်မပြေဘူး။အရမ်းခက်ခဲတယ်။”ဟုအသက် ၃၀…

တန့်ယန်းမြို့ လိုင်စင်မဲ့ယာဉ် စတင်ဖမ်းဆီးနေမှုကြောင့် မြို့ထဲသွားလာသူနည်းပါး

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၅ https://www.facebook.com/share/p/16pi9fZAi5/ တန့်ယန်းမြို့တွင် စစ်ကောင်စီမှ လိုင်စင်မဲ့ယာဉ် စတင်ဖမ်းဆီးနေခြင်းကြောင့် မြို့ထဲသွားလာသူများ နည်းပါးနေကြောင်း သိရသည်။ စစ်ကောင်စီသည် လိုင်စင်မဲ့ယာဉ်ဖမ်းဆီး သိမ်းဆည်းခြင်းကို စီမံချက်ဖြင့် ဖမ်းဆီးနေရာ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့ထဲတွင်လည်း…