ခမ်းသားငေါဝ်း
ဇွန် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/1AwssKNXf5/
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ်(၁) ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ ၌ တအာင်းပြည်တစ်နေရာ၌ အောင်မြင်စွာကျင်းပခဲ့ကြောင်း PSLF/TNLA မှ ထုတ်ပြန်ထားသည်။
ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ “တအာင်းပလောင်လူမျိုးများအနေဖြင့် ယခင်အချိန်က နိုင်ငံရေးအသိအားနည်းခြင်းကြောင့် အရာရာလက်လွတ်ဆုံးရှုံးခဲ့ရပြီဖြစ်တယ် လက်ရှိ မိမိတို့ လက်ထက်တွင် နိုင်ငံရေးအား သတ္တိရှိရှိ လုပ်ကြရန် အချိန်တန်ပြီ” ဟုပြောကြားခဲ့သည်၊၊
ယခု နိုင်ငံရေးသိပ္ပံကျောင်းဆင်းမည့် PSLF/TNLA လူငယ်များအနေဖြင့်လည်း “ရနံ့မွှေးသည့် ပန်းများ ဖြစ်စေလိုပြီး မျှစ်တိုင်း ဝါးဖြစ်စေလိုကြောင်း”ဟု အခမ်းအနားတွင် မိန့်ခွန်းပြောခဲ့ကြောင်းသိရပါသည်။
၎င်းဘွဲနှင်းသဘင် အခမ်းအနားသို့ PSLF/TNLA ၏ ဒုဥက္ကဌနှင့် အတူသက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူများ၊ နိုင်ငံရေးသိပ္ပံကျောင်းမှ သက်ဆိုင်ရာ ဘာသာရပ်သင် ဆရာ/မများ၊ ကျောင်းသူ/သားတို့၏ မိသားစုဝင်များ စုစုပေါင်း လူဦးရေ (၆၀၀) ကျော် တက်ရောက်ခဲ့ကြောင့် ဖော်ပြထားသည်။
အလားတူ အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ် မှ တအာင်းပြည်တစ်ခုတည်းသာမက မြန်မာပြည်တစ်ခုလုံးပါဝင်သည့် တော်လှန်ရေးလုပ်ငန်း အသီးသီးတွင် လူငယ်များ ပါဝင်အလုပ်လုပ်ကြရန်နှင့် လူထုအကျိုးပြု လုပ်ငန်းများ ပြုလုပ်ကာ တော်လှန်းရေးပန်းတိုင် အမြန်ဆုံးရောက်ရှိအောင် စွမ်းစွမ်းတမံ အလုပ်လုပ်ကြရန် လိုအပ်ကြောင်း ထပ်မံတိုက်တွန်း ပြောဆိုထားကြောင်းသိရသည်။
နိုင်ငံရေးအနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်များ ထွက်ပေါ်လာရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် နိုင်ငံရေးသိပ္ပံကျောင်းကို ကျောင်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၃)နှစ်ကြာကာလတွင် ကျောင်းသား စုစုပေါင်း (၃၅)ဦး တက်ရောက်သင်ကြားခဲ့သည်။
၎င်းကျောင်းဆင်းသွားသည့် မျိုးဆက်သစ် ကျောင်းသူ/သားများအား နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ကြရန်နှင့် မိမိတတ်ကျွမ်းရာဘာသာရပ်များတွင် တာဝန်ထမ်းဆောင်သွားကြမည်ဟု ဖော်ပြထားသည်။
PPV0013
ပုံ-TNLA
#လူ့အခွင့်အရေး
#ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
#PSLF/TNLA
#နိုင်ငံရေးသိပ္ပံကျောင်း
#ကျောင်းဆင်းပွဲ
#ဒီပလိုမာဘွဲ့အပ်နှင်းခြင်းအခမ်းအနား
#တအာင်းပြည်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7