ခမ်းသားငေါဝ်း
ဇွန် ၃၀၊ ၂၀၂၅
တောင်ကြီးမြို့ ကံကြီးရပ်ကွက် ဘုန်းကြီးကျောင်းတွင် မြေရာဆိုင်ရာကိစ္စ ဆွေးနွေးပွဲအား ဇွန်လ ၂၉ ရက်က ပြုလုပ်ခဲ့ကြောင်း ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကံကြီးရပ်ကွက် ဘုန်းကြီးကျောင်းတွင် မြေပိုင်ရှင်များ ပုံစံ ၁၀၅ ရေးဆွဲခြင်း၊ မြေဂရန်လျှောက်ထားနိုင်သည့် အကြောင်းနှင့် ပုံမှန် ၃၀ ရာခိုင်နှုန်းအစား ၅ ရာခိုင်နုန်းဖြင့် ဆောင်ရွက်ပေးမည်အကြောင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
“လောလောဆယ်တော့ ကံကြီးရပ်ကွက်တစ်ခုတည်းပဲ စီမံချက်ထဲမှာ အကျူံးဝင်တယ်လို့တော့ကြားတယ် အရင်ကလို ၃၀ ရာခိုင်နှုန်းနဲ့မဟုတ်ပဲ ၅ ရာခိုင်နှုန်းနဲ့လုပ်ပေးသွားမယ်ပေါ့ ကံကြီးမှာကပအိုဝ်းများတယ် တကယ်ပဲတရားဝင်ရင်တော့ မဆိုးဘူးလို့ပြောရမယ် ပွဲစားတွေ လုပ်စားမှာလည်းစိုးရတယ် ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စီမံကိန်းကာလနှင့်သွားသည့်အတွက် ဇွန်လကုန်အထိသာလုပ်ပေးမည်ဟု ကြားသိရပြီး ဂျူလိုင် ၂ ရက်နေ့ နောက်ဆုံးထားကာ ရပ်ကွက်ရုံးတွင်စာရင်းပေးဆောင်ရမည်ဖြစ်ကြောင်း ၅ ရာခိုင်နှုန်းသည် အိမ်ဆောက်ပြီးသူများအတွက် ပြီးသွားမည်မဟုတ်ပဲ စည်ပင်ကုန်ကျငွေအပြင် ခွင့်ပြုချက်မရှိပဲ ဆောက်ထားပါက ဒဏ်ငွေနှင့်ဝင်ငွေခွန်များလည်း ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
နောက်ဒေသခံတစ်ဦးမှလည်း “ဥပဒေက သူတို့လက်ထဲမှာရှိတာလေ စည်ပင်ကလမ်းတောင်းတာတို့ဆိုလည်း ပူးပေါင်းပါဝင်ရမယ် မြေပေးရမယ်ပေါ့ ဘယ်အစိုးရတက်တက် ကိုယ့်အမည်နဲ့ ဂရမ်လျှောက်ထားတာတို့ လုပ်ထားတာတို့က လိုအပ်မယ် မမှားဘူးလို့ထင်တာပဲ” ဟုပြောသည်။
၅ ရာခိုင်နုန်းဖြင့်အခွန်ပေးဆောင်ရန် ဆိုထားသော်လည်း ရပ်ကွက်ရှိ ပထမတန်စား၊ ဒုတိယတန်းစားဟုဆိုကာ ရပ်ကွက်မှ သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးနှင့် ရာခိုင်နုန်းသတ်မှတ်ကာ အခွန်ပေးဆောင်သွားရမည်ဖြစ်ကြောင်း ၅ ရာခိုင်နုန်းသည် စီမံချက်ကာလတွင်သာ အကြုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
PPV001
ပုံ-အွန်လိုင်း
#ဥပဒေရေးရာ
#တောင်ကြီးမြို့
#ကံကြီးရပ်ကွက်
#ဘုန်းကြီးကျောင်းတွင်
#မြေပိုင်ရှင်များ
#မြေဂရန်လျှောက်ထားနိုင်သည့်အကြောင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7