ခမ်းသားငေါဝ်း
ဇွန် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/18toJjbByV/
PNO ပြည်သူ့စစ်မှ ရွာတွင်မနေရန် ဆီဆိုင်မြို့ပေါ်သို့စစ်ဘေးရှောင်ခိုင်းထားသည့် စစ်ဘေးရှောင်များ ခြင်ထောင်နှင့် အခြေခံ စားသောက်ကုန်၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်သို့ စစ်ဘေးရှောင်လာရသည့် နောင်ကျော၊ ကောင်ထို၊ စလောင်းထောင်ရွာ၊ နောင်ဗိုနှင့် နောင်ထော်ရွာရှိ ပြည်သူ ၁၅၀၀ နီးပါးသည် မိုးရာသီချိန်တွင် ခြင်ထောင်နှင့် စားသောက်ကုန်ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
“နေရေးကတော့အဆင်ပြေတယ်ဗျာ၊ အဓိကတော့ ဆန်ဆီဆေးဆားပေါ့နော် ၊ အခုက မိုးရာသိီဆိုတော့ ခနပြောသလို့ညောင်းညားကိုက်ခဲ၊ နှာချေ ၊ချောင်းဆိုး ဖြစ်ကြတယ် အဲ့တော့ ဆေးဝါးတွေ လိုနေပါတယ်၊ မိသားစု တစ်စုကို ခြင်ထောင် တစ်လုံး တော့ လိုတယ်၊ ခြင်ထောင်ကတော့ အရမ်းအရေးကြီးလ်ိုအပ်တယ်”ဟု စစ်ဘေးရှောင်ကူညီသူ တစ်ဦးမှပြောသည်။
မိုးရာသီချိန်တွင် ခြင်ပေါများသဖြင့် ခြင်ကြောင့် သွေးလွန် တုတ်ကွေးရောင်ဂါ ဖြစ်မည်ကိုလည်း စိုးရိမ်ကြကြောင့် သိရသည်။
ထို့ပြင် ပြည်သူများသည် လက်နက်ကိုင် တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွါးချိန်တွင် ရွာမှ ထွက်ခွါ၍ တောင်ယာသို့ ပြေးသော်လည်း မလုံခြုံသဖြင့် နောက်တစ်ကြိမ် တခြားနေရာဒေသ သို့ ထပ်မံ တိမ်းရှောင်ရသည့်အခက်အခဲမျိုးလည်းရှိနေကြကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့ပေါ်
#စစ်ဘေးရှောင်
#နောင်ကျော
#ကောင်ထို
#စလောင်းထောင်ရွာ
#နောင်ဗိုရွာ
#နောင်ထော်ရွာ
#မိုးရာသီချိန်
#ခြင်ထောင်များအရေးပေါ်လိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7