ခမ်းသားငေါဝ်း
ဇွန် ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/1CbUSHg2qF/
စစ်ကောင်စီ အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ဒရုန်းကိုင်တွယ် အသုံးပြုမှုသင်တန်းများ၌ စစ်ဘက်သုံး ဒရုန်းအသေးစားများဖြင့် လေ့ကျင့်အသုံးပြုနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)မှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်မှ ခြေလျင်တိုက်ခိုက်ရေးတပ်၊ လက်နက်ကြီးအမြောက်တပ်နှင့် လေကြောင်းတိုက်ခိုက်မှု များကြားတွင် ဒရုန်းတပ်ဖွဲ့ ကို ဒရုန်း၏ အားသာချက်များကို မိုက်ခရို ဒရုန်းနှင့် ပေါင်းစပ် ပြင်ဆင်နိုင်ဖို့အတွက် အင်းတိုက်အားတိုက် ဒရုန်းတပ်ဖွဲ့များကို လေ့ကျင့်ပေးနေကြောင်း သိရသည်။
“ဒရုန်းကို တိုက်ခိုက်ရေး တွေမှာလည်း မဟုတ်ဘဲ စစ်ဘက် ထောက်လှန်ရေးတွေ ၊ ကင်းထောက်တာတွေ ၊ အကင်းကြည့်တာတွေပေါ့နော် ဥပမာ လက်နက်ကြီးပစ်ကူတွေ လေကြောင်း ပစ်ကူတွေရဲ့ထိရောက်မှုလို့မျိုး အရင်ကလို လူနဲ့ကင်းကြည့်တာ မဟုတ်ဘဲ ဒရုန်းနဲ့ အကင်းကြည့်ပေးတာတွေ ပစ်မှတ်တွေ ရှာဖွေထောက်လှန်းပေးတာတွေ ဒရုန်းအမျိုးအစားအစုံကို ပေါင်းစပ်လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်”ဟု MDSI ဆိုသည်သည်။
မိုက်ခရို ဒရုန်းများသည် အရွယ်အစားသေးငယ်ပြီး အလွယ်တကူ သယ်ယူစောင့်ကြည့်နိုင်ပြီး ၊ အသံနှုန်း မှာလည်း နိမ့်သဖြင့် ရန်သူ့ ဘက်မှလည်း ကြားရန် မြင်ရန်ခက်ခဲခြင်းအပြင် ရှုပ်ထွေးသည့် ဒေသ၌ အလွယ်တကူ ဝင်ရောက် ရှာဖွေ ပျံသန်းနိုင်သည့် အားသာချက်ရှိကြောင်းသိရပါသည်။
“မိုက်ခရိုဒရုန်းတွေက အထူးတပ်ဖွဲ့ဟာမျိုးတွေ မြို့ပြ စစ်ဆင်ရေး ဟာမျိုးတွေ ရန်သူ့အခြေခံ စခန်း ရှေ့ကနေ ရှေ့ပြေး ကင်းထောက်တာမျိုးတွေ ရန်သူစခန်းကို အနီးကပ်ဝင်ရောက်ကြည့်ရှုနိုင်တာမျိုးတွေ၊ အဆောက်အအုံ မြို့ပြတိုက်တွေကြားမှာ နေရာ ကျဉ်းတဲ့ အဆောက်အအုံတွေမှာ အထပ်မြင့်တွေ ကြားထဲမှာ ရန်သူလုပ်ရှားမှုတွေကို ထောက်လှန်ရှာဖွေတာမျိုးတွေ အသုံးပြု လာနိုင်တယ်”ဟု ၎င်း ကဆက်ပြောသည်။
ထို့ပြင် ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် တော်လှန်ရေးဘက် အင်းအားစုမှ ဒရုန်းနည်းပညာ ထိရောက်စွာ လုပ်လာပြီးနောက် စစ်ကောင်စီဘက်မှလည်း တန်ပြန် ပြင်ဆင် လာသဖြင့်
ရမည်းသင်းအခြေစိုက် စခတ-၃ လေ့ကျင့်ရေးတပ်တွင် ဒရုန်းကိုင်တွယ်အသုံးပြုမှုသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်၍ ခြေလျင်တိုက်ခိုက်ရေးတပ်မများ နှင့် ဒရုန်းတပ်ဖွဲ့မှ သင်တန်းသားများကို လေ့ကျင့်သင်ကြားပေးနေကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#စစ်အခြေခံလေ့ကျင့်ရေးတပ်
#ဒရုန်းကိုင်တွယ်အသုံးပြုမှုသင်တန်းမျာ
#စစ်ဘက်သုံးဒရုန်းအသေးစားများ
#လေ့ကျင့်အသုံးပြုနေ
#မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့
#MDS
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7