ခမ်းသားငေါဝ်း
ဇွန် ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/1AfP6S9FEy/
ကွတ်ခိုင်မြို့တွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ မူလတန်းပြဆရာအဖြစ် မူလတန်းပြဆရာ ၁၃၂ ဦးအတွက် သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ကြောင်း PSLF/TNLA ကဇွန်လ ၂၈ ရက်တွင်ထုတ်ပြန်ထားသည်။
၎င်းမူလတန်းပြဆရာအဖြစ်သင်တန်းသည် ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့မှ ဇွန်လ (၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းကာလအားဖြင့် (၂)လကြာမြင့်ခဲ့ကြောင်း ထိုသင်တန်းတွင်ဆရာမ (၁၀၆)ဦးနှင့် ဆရာ (၂၆)ဦး စုစုပေါင်း (၁၃၂)ဦး တက်ရောက်သင်ကြားပြီးမြောက်ခဲ့ကြောင်း ဆိုထားသည်။
ထိုသင်တန်းတွင် သင်ကြားပြီးမြောက်သွားခဲ့ကြသော ဆရာ/မများသည် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ကြောင်းဖော်ပြထားသည်။
အဆိုပါ အခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပါင်လနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအပါအဝင် ရပ်မိရပ်ဖများ၊ ဆရာ/မများ စုစုပေါင်း လူဦးရေ (၂၇၀)ဦး တက်ရောက်ခဲ့ကြကြောင်းဆိုထားသည်။
ပြီးခဲ့သည့် မေလ (၂၅)ရက်နေ့လည်း နမ့်ဆန်မြို့တွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာသင်ပြနည်း မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
PPV001
ပုံ-TNLA
#ပညာရေး
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာ
#ကွတ်ခိုင်မြို့
#တအာင်းပြည်ပညာရေးကောင်စီ
#TLEC
#မူလတန်းပြဆရာ
#သင်တန်းဆင်းပွဲအခမ်းအနား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7