ခမ်းသားငေါဝ်း
ဇွန် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/19Efm4PTe2/
ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ရပ်ကွက်(၁) ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းအနီးသို့ လာရောက် ဗုံးကြဲသဖြင့် ဆိုင်ခန်းများ၊နေအိမ်များနှင့် ဒေသခံ (၅)ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရ ကြောင်း ဒေသခံဆီမှ သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည် ကျောက်မဲမြို့သို့ စစ်ကောင်စီတပ်မှ ဇွန်လ (၂၉)ရက် နေ့လယ် ၂နာရီခွဲ ဝန်းကျင်၌ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ဗုံးကြဲသဖြင့် ဒေသခံများထိခိုက်ဒဏ်ရာ ရရှိကြာင်းသိရသည်။
“သူ ဖြစ်တုန်းက ဗုံးကြဲခံရပြီး လွင့်သွားပြီး မေ့သွားသေးတယ် ၊ သူကတော့ အန္တရယ်ကင်းပါတယ် ဗုံးကတော့ သူနေတဲ့ အိမ်ကို တည့်တည့်ကြဲတာဆိုတော့လေ ဆိုင်ကတော့ ရစရာမရှိဘူးပေါ့ဗျာ၊ ဆိုင်တော့ရ စရာမရှိဘူး လူတော့ ကံကောင်းတယ်ပေါ့နော်၊ ထိခိုက်တဲ့သူတော့ ရှိတယ် ဆိုင်ဝန်ထမ်းလေး နှစ်ယောက်ပေါ့နော် ဆေးရုံးတော့ပို့ထားပြီး ၊ သူကတော့ ကပ်လွတ်သွားတာပေါ့”ဟု ဆိုင်ခန်းပိုင်ရှင် နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီးပြည်သူလူထု၏ နေအိမ် (၁၀)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ကြောင့် TNLA မှ ထုတ်ပြန်ထားသည်။
ထိုပြင် စစ်ကောင်စီတပ်မှ ဇွန်လ (၂၉)ရက် ညနေ ၈နာရီ ၄၀ ဝန်းကျင်မှ စ၍ လေကြောင်းတိုက်ခိုက်မှု ဗုံး (၆)လုံး ထပ်မံဗုံးကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ဟုတယ်ဗျ အဲ့တာကြတော့ ဟိုဘက်ကို၊လယ်ကွင်းဘက် တောင်နောက်ကျေးရွာ ဘက်ကို ကြဲတာဗျာ၊ ပြီးတော့ ရပ်ကွက် (၇)မြောက်ကုန်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းနားက တိုက်လေးလုံး ထိသွားတယ် အဲနားအိမ်နဲ့ မိုးကုတ်ဝိပဿနာကျောင်းလည်း ထိတယ် “ဟု ဒေသခံတစ်ဦးမှပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်နေ့နှင့် (၂၆)ရက်နေ့လည်း ကျောက်မဲမြို့အတွင်း လေကြောင်းဖြင့် ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု (၅)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၂)ဦးအပါအ၀င် ပြည်သူလူထု (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၁)အိမ်နှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရှမ်းပြည်မြောက်ပိုင်း
#တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #TNLA
#ကျောက်မဲမြို့
#ဗုံးကြဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7