ခမ်းသားငေါဝ်း
ဇွန်လ ၂၈၊၂၀၂၅
(MNDAA)ထိန်းချုပ်သည့် အထူးဒေသ(၁) လောက်ကိုင်မြို့နယ်အတွင်းရှိ လောင်စာဆီဈေးနှုန်းများအားလုံး လျှော့ချသတ်မှတ်ကြောင်း ဇွန်လ(၂၇)ရက်မှာ MNDAA မှ ထုတ်ပြန်သည်။
ပြည်သူများ၏ နေ့စဉ်စရိတ်ကို ထိထိရောက်ရောက်လျှော့ချရန်နှင့် စီးပွားရေးလှုပ်ရှားမှုကို မြှင့်တင်ရန် ရည်ရွယ်၍ ဒီဇယ်/ဓာတ်ဆီအားလုံး (၁)လီတာလျှင် တရုတ်ယွမ်(၈)ယွမ်၊ မြန်မာငွေ(၅)ထောင်ကျပ်အောက်သာ သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။
အထူးဒေသ(၁)လောင်စာဆီ ကုမ္ပဏီ MNTJP ဗဟိုကော်မတီ၏ မူဝါဒအား တက်ကြွစွာ လိုက်နာကာ ဒေသတွင်း လောင်စာဆီဈေးကွက် ဝယ်လိုအား ရောင်းလိုအားနှင့် လိုက်ရောညီထွေဖြစ်စေရန် ၎င်းတို့ပိုင် ဓာတ်ဆီဆိုင်များ၏ လောင်စာဆီဈေးနှုန်းများကို အတည်ပြုပြောင်းလဲခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အသစ်သတ်မှတ်ထားသော ဈေးနှုန်းသည် ဒီဇယ်ဆီ(၁)လီတာ (၇.၅)ယွမ် မြန်မာငွေ(၄၈၀၀)ခန့်၊ 92ဓာတ်ဆီ(၁)လီတာ (၇.၈)ယွမ် မြန်မာငွေ (၄၈၀၀)ခန့်၊ 95 ဓာတ်ဆီ(၁)လီတာ (၈)ယွမ် မြန်မာငွေ(၅၀၀၀)ခန့် ကို ဇွန်လ(၂၇)ရက်မှ စပြီး လောက်ကိုင်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်များမှာ စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
#PPv0011
#လောက်ကိုင်
#MNDAA
#လောင်စာဆီ
#လျော့ချ