ခမ်းသားငေါဝ်း
ဇွန် ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/16UJDbGXvn/
လက်ရှိထိုင်းနိုင်ငံရေးအခြေအနေကြောင့် လူဟောင်းများအနေဖြင့် အလုပ်သမားကဒ် ပန်းရောင်ကဒ်ပြုလုပ်ရာတွင် စိတ်ပူနေကြရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သများထံက သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ပြည်နယ်အများအပြားတွင် လက်ရှိထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်အား ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြပွဲများ ရှိနေကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြနေပြီး လူဟောင်းများအနေဖြင့် ပန်းရောင်ကဒ်ရရှိရန် စိတ်ပူနေကြသည်။
“လူသစ်တွေကတော့ ရနေကြပြီ ကျွန်တော်တို့လူဟောင်းတွေက မသေချာနေဘူး ဒီလိုမှန်းသိရင် လူသစ်အနေနဲ့ပဲ လျှောက်ခဲ့တယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးကဆိုသည်။
ထိုင်းအချုပ်အခြာအာဏာ ကာကွယ်ရေးအဖွဲ့က ဦးဆောင်ကာ ဇွန်လ ၂၈ ရက်တွင် စတင်ပြီး ဆန္ဒပြပွဲများ ပြုလုပ်နေကြောင်း ထိုင်းသတင်းဌာများတွင် ဖောပြထားသည်။
နောက်ထပ်မြန်မာနိုင်ငံမှ ရွေ့ပြောင်းအလုပ်သမား အမျိုးတစ်ဦးကလည်း “၆ လစောင့်ခိုင်းထားတဲ့သဘော ၈ လပိုင်းရောက်ရင်ရမယ်လို့တော့ ပွဲစားတွေကပြောပေမယ့် ဒီလိုနိုင်ငံရေးအခြေအနေနဲ့တော့ မသေချာဘူးထင်တယ် နိုင်ငံကိုအေးချမ်းစေချင်တယ်” ဟု ပြောသည်။
လူသစ်များအနေနှင့်လည်း ပန်းရောင်ကဒ်အတွက် ရရှိပြီးသူများရှိသလို စောင့်ဆိုင်းနေကြသည့် သူများလည်းရှိနေကြောင်း လူဟောင်းများအတွက် ရရှိရန်အတွက် စိတ်ပူနေကြရကြောင်း ရွေ့ပြောင်းအလုပ်သမားများထံက သိရသည်။
PPV001
ပုံ-Crd
#လူ့အခွင့်အရေး
#လက်ရှိထိုင်းနိုင်ငံရေးအခြေအနေကြောင့်
#လူဟောင်းများ
#အလုပ်သမားကဒ်
#ပန်းရောင်ကဒ်
#ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7