ခမ်းသားငေါဝ်း
ဇွန် ၂၆၊ ၂၀၂၅
https://www.facebook.com/share/p/1AYCuGTzZe/
TNLA ထိန်းချုပ်ရာ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်တွင် စစ်ကောင်စီမှ ပေါင်(၂၅၀)ဗုံး(၁)လုံး ကြဲချတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်(၁)ဦးအပါအဝင် ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရကြောင်း ယနေ့တွင် TNLAမှ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ(၂၅)ရက် ည(၁၁)နာရီ(၁၃)မိနစ်အချိန်၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံး(၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအပြင် ပြည်သူနေအိမ်(၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ညတွင်လည်း ကျောက်မဲမြို့အတွင်း စစ်ကောင်စီမှ ပေါင်(၅၀၀)ဗုံး (၂)လုံးကျဲချတိုက်ခိုက်မှုကြောင့် ပြည်သူ(၄)ဦးသေဆုံးကာ ကလေးငယ်(၂)ဦးအပါအဝင် ဒဏ်ရာရသူစုစုပေါင်း(၁၄)ဦး ရှိကာ နေအိမ်(၅၀)နီးပါးထိခိုက် ပျက်စီးပြီး စာသင်ကျောင်း(၂)ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အပစ်ရပ်ထားသည့် စစ်ကောင်စီသည် လေကြောင်းဖြင့် TNLAထိန်းချုပ်ရာ ဒေသနှင့် ကရင်နီပြည်အတွင်း ယခုရက်ပိုင်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု မကြာခဏကျူးလွန်နေကြောင်း သိရသည်။
PPV0011
ပုံ-TNLA
#လူ့အခွင့်အရေး
#မိုးကုတ်မြို့
#အုန်းကိုင်းရပ်ကွက်
#TNLA
#ဂျက်ဖိုက်တာ
#ဗုံးကြဲချတိုက်ခိုက်
#ထိခိုက်ဒဏ်ရာရ
#ဘုန်းကြီးကျောင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7