ခမ်းသားငေါဝ်း
ဇွန်လ ၂၇၊ ၂၀၂၅

https://www.facebook.com/share/p/1CUwLYStoS/

ပြည်တွင်းစက်သုံးဆီစျေး ဆက်လက်မြင့်တက်လာပြီး တစ်ရက်အတွင်းတလီတာ ၂၀၀ ကျပ်ထိုးတက်ခဲ့ကြောင်းအရောင်းကိုယ်စားလှယ်များထံ သိရသည်။

ရှမ်းပြည်တောင်ပိုင်း စက်သုံးဆီ ဈေးနှုန်းသည်ဇွန်လ (၂၇) ရက်က ၉၂ တစ်လီတာ ၃၂၆၅ ကျပ် ၊ ၉၅ တစ်လီတာ ၃၁၅၅ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၆၂၅ ကျပ် ၊ ပရီမီယမ် ဒီဇယ် ၃၂၂၅ ကျပ် ဈေး နှုန်းရှိကြောင်း သိရသည်။

‘ ဒီနေ့ တစ်ရက်ထဲမှာ ဓါတ်ဆီ ၉၂ ကို ၂၀၀ လောက် တက်သွားတာ၊ ဒီတစ်လ အတွင်းမှာပဲ သုံးထောင်အောက် တစ်ခါ ဖြစ်သွားသေးတယ်။ အီရန်ကို အမေရိကန် တိုက်ခိုက်တော့ ပင်လယ်ရေလက်ကြားပိတ်လိုက်ပြီ ဆိုပြီး ဆီစျေးတွေ တရိပ်ရိပ် တက်မယ့်ဟန် ပြင်နေတာ ၊ စစ်ပွဲမဖြစ်တော့ဘူး ဆိုတာတောင် စျေးတက်တယ်။” ဟု စက်သုံးလောင်စာဆီ တဆင့် ပြန်လည်ရောင်းချသူတစ်ဦး က ဆိုသည်။

စက်သုံးလောင်စာဆီ စျေးနှုန်း တက်ခြင်းကြောင့် စိုက်တောင်သူများ၊ ကုန်သည်များ ၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ ၊ အထွေထွေ ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်နေသူများ တို့သည် တက်စျေး ဖြင့် လုပ်ကိုင်ရခြင်းကြောင့် ကုန်ကျစရိတ် ပိုမို မြင့်တက်လာနေကြောင်း ၊ တွက်ခြေကိုက်မှု နည်းကြောင်း ဆိုသည်။

ထို့ပြင် ဆိုင်ကယ် ကယ်ရီသမားများသည်လည်း လောင်စာဆီ စျေးနှုန်း မြင့်တက်ခြင်းကြောင့် မြို့တွင်း နီးနီးနားနား ကိုပင် တက်စျေးဖြင့် ယူနေရကြောင်း သိရသည်။

အရင်လ မေလ ၃၁ ရက် ရောင်းစျေးသည် ဓာတ်ဆီ ၉ ၂ တစ်လီတာ ၂၉၈၀ ကျပ် ၊ ၉၅ တစ်လီတာ ၃၀၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၅၃၀ ကျပ် ၊ ပရီမီယမ် ၃၀၉၅ ကျပ်ရှိကြောင်းသိရသည်။

#PPV-006
#လောင်စာဆီဈေး
#တောင်ကြီးမြို့
#စျေးတက်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home