ခမ်းသားငေါဝ်း
ဇွန်လ ၂၇၊ ၂၀၂၅
https://www.facebook.com/share/p/16krKWZ9of/
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနှင့် နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နှင့် TNLAတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ဇွန်လ(၂၇) ရက်မှာ ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက် ကြီး (၇၀)လုံးနှင့် ဒရုန်းဗုံး(၃၂)လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
“မနေ့ကအထိ လက်နက်ကြီးနဲထုနေကြတုန်း ပြောတယ်။ တိုက်ပွဲကတော့ ပြင်းထန်ဆဲမို့ စစ်ရှောင်တွေလည်း အိမ်မပြန်ရဲကြသေးဘူး။ ရှိသမျှ အကုန် ပစ်ထားခဲ့ကြရတာ။ နီးစပ်ရာ အမျိုးတွေ အသိတွေနား ခိုလုံကြတယ်။မြို့အနီးနားရွာကဒေသခံတွေ အကုန်နီးပါးပါ”ဟု လားရှိုးမြို့အနီးသို့ စစ်ရှောင်လာသူ ဒေသခံက ပြောသည်။
ယမန်နေ့က နောင်လင်းကျေးရွာနှင့် နောင်ဖာကျေးရွာကြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃၉)လုံးနှင့် ဒရုန်းဗုံး(၁၇)လုံး ပစ်ခတ်တိုက်ခိုက်သောကြောင့် နေအိမ်(၁)လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဉာဏ်တောကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး(၃၁)လုံးနှင့် ဒရုန်းဗုံး(၁၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ(၂၅)ရက်တွင်လည်း နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနှင့် နောင်ဖာကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီမှ ဒရုန်းဗုံး(၂၈)လုံး၊ လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ဇွန်လကုန်အထိ ပယအပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူကာ အဆက်မပြတ် ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
#PPV0011
#တိုက်ပွဲ
#နောင်ချို
#ရှမ်းမြောက်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်