ခမ်းသားငေါဝ်း
ဇွန်လ ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/1FCUEKmLHe/

တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရသည့် လားရှိုးစစ်ဘေးရှောင် များကိုစစ်ကောင်စီက ဇွန်လကုန်ရက်အတွင်း အပြီး သတ်နေရပ် အတင်းပြန်ခိုင်းနေကြောင်း သိရသည်။

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမှ စစ်​ဘေးရှောင် ပြည်သူများကို ရပ်ကွက် လူကြီးမှ အတင်းပြန်ခိုင်းနေကြောင်း သိရသည်။

“ကျွန်မတို့က ပြန်လို့ မရတဲ့သေးတဲ့ နေရာတွေ ရှိသေးတယ်ဆိုတာ ပြောလို့မရဘူး။ အတင်းပြန်ခိုင်းနေတာ ၊ တခြားနေရာ ငှားနေခိုင်းတာတဲ့ ၊ စားဖို့တောင် အနိုင်နိုင် ရုန်းကန်နေရပါတယ်ဆိုတာလေ၊ တောင်ကြီးမှာက စားဝတ်နေရေး ပိုမို ကြပ်တည်းတယ်။ ဘယ်လို ဆက်လုပ်ရမလဲ မသိပါဘူး။”ဟုဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြရသော စစ်ဘေးရှောင် တစ်ဦးက ဆိုသည်။

ရပ်ကွက်နေပြည်သူတစ်ဦးက“စိန်ပန်းနဲ့ ရွှေတောင် ရပ်ကွက် လူကြီးကတူ၀ရီးတွေလေ ၊ အရမ်း ဆိုးတယ် နာမည် ထွက်နေတာကြာပြီ။ အရင်တုန်းက ကျိုင်းတုံဘက်က စစ်မှုထမ်း စာရင်းပါသူ တောင်ကြီး လာခိုလှုံနေလို့ ဆိုပြီး အိမ်ရှင် ကိုလည်း ဒဏ်ငွေ ရိုက်တာ သိန်းတစ်ရာလောက် ငွေတောင်းတယ်လို့ ကြားမိသေးတယ်။”ဟု ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး မြို့သည် MNDAA နောက်ဆုတ်ပြီးနောက် စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ရာ စစ်ရှောင်များကို နေရပ်ပြန်နေစေချင်ကြကြောင်းသိရသည်။

လက်ရှိလားရှိုးမြို့တွင် ခိုးဆိုလုနိုက်နှင့်ရာဇဝတ်မှုအလွန်များသည့်အပြင် ကုန်စျေးနှုန်း မြင့်မားနေခြင်းများ ကြုံတွေ့နေရေကြောင်းသိရသည်။

#PPV-006
#Humanright
#စစ်ရှောင်
#တောင်ကြီး
#လားရှိုး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home

You missed