ခမ်းသားငေါဝ်း
ဇွန် ၂၆၊ ၂၀၂၅
https://www.facebook.com/share/p/1CqdHYkdaE/
စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့မှ ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ လက်နက်ကြီးဖြင့် (၉)ကြိမ် ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်ကတို့သည် ဇွန်လ ၂၅ ရက် ည ၈ နာရီအချိန်ခန့်တွင် တောင်ရှေ့ကျေးရွာအုပ်စု နောင်ဗိုရွာကို ၆ဝ မမလက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် (၁)လုံးနှင့် အသက် (၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးအား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ကယ်ဆယ်ရေးတပ်ဖွဲ့မှ သွားရောက်ကယ်ထုတ်ကာ ကုသမှုပေးခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ် နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသော်လည်း ပြည်သူလူထု၏ နေအိမ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည် ဇွန်လ (၁၆)ရက်မှ (၂၃)ရက်နေ့ အတွင်းစစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့ ၎င်းတို့တပ်စွဲထားသည့် ဆီဆိုင်မြို့နယ် ၊ တပူးထိုရွာတွင်လည်း နေအိမ်များအားမီးရှို့ဖျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
PPV0013
#လူ့အခွင့်အရေး
#ဆိုင်မြို့နယ်
#နောင်ဗိုကျေးရွာ
#တိုက်ပွဲဖြစ်ပွါးခြင်းမရှိ
#လက်နက်ကြီးဖြင့်ပစ်ခတ်
#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7