ခမ်းသားငေါဝ်း
ဇွန်လ ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/1AqRrEs4fZ/
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ ၊ တောင်လေးလုံးတွင် သေနတ် သမားက LandCruiser ကားကို တား၍ယာဥ်မောင်းကို ပစ်သတ်ပြီး ကားလုယူ မောင်းပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်လေးလုံး၊ ရထားသံလမ်းအကျော် ၊ ကျောက်ခွဲစက် အနီးတွင် ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲ ခန့် အချိန်တွင် လင့်ခရူဆာ မော်တော်ကားကို တား၍ ယာဉ်ပိုင်ရှင်ကို သေနတ်သမားကပစ်သတ် ကားအောက်သို့ဆွဲချကာ ၊ မော်တော်ကားကို မောင်းယူထွက်ပြေးခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းသမားကို အနီးကပ် တေ့ပြီး သေနတ်နဲ့ ပစ်သတ်ပြီး ကားကို မောင်းယူထွက်ပြေးသွားတယ်။ လက်နက်ကိုင် အပြည့်အစုံ ပါလား တော့ အတိအကျ မသိရဘူး။ ကားသော့ ယာဉ်ပိုင်ရှင် အိတ်ကပ်ထဲမှာ ကျန်ခဲ့တော့ ကားကို တီကျစ်နားမှာ ပြန်တွေ့ ပေမယ့်ကျူးလွန်သူက လွတ်သွားတယ်။”ဟု သွားရောက် ကူညီဆောင်ရွက်ပေးသူ က ဆိုသည်။
ပစ်သတ်ခံရ သည့်ယာဥ်ပိုင်ရှင်သည် လျှံမင်းသန့် ၊ အသက် ၂၃ နှစ် ၊ အေးသာယာ အကွက်ကြီး ၅ တွင် ယာယီ နေထိုင်သူ ဖြစ်ကြောင်း စုံစမ်း သိရပါတယ်။
အဆိုပါ မော်တော်ယာဉ်၏ Smart Key သည် ယာဉ် မောင်း၏ အင်္ကျီအိတ်ကပ်ထဲတွင် ရှိနေသဖြင့် မော်တော်ယာဉ်မှာ မောင်းလို့ရသော်လည်း စက်ရပ်လိုက်လျှင် ပြန်နှိုးမရတော့သဖြင့် တီကျစ်နားတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးခဲ့သည့် ယာဉ်မောင်း ဖြစ်သူသည် ကျောက်ပန်းတောင်း ဘက်မှဇာတိ ဖြစ်ကြောင်း သိရပြီး ၊ ဟဲဟိုး ဆေးရုံ မှ တဆင့် ကျောက်ပန်းတောင်း သို့ ပြန်လည်လောင်းပြန် သယ်ဆောင်သွားကြောင်း သိရသည်။
#PPV-006
#မှုခင်း
#ကားလု
#တောင်လေးလုံး
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်