ခမ်းသားငေါဝ်း

ဇွန် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/163ZjZNqj4/

အောင်ပန်းမြို့အနီး ဆူးပန်းအင်းရွာ၌ သုံးလသားကလေးမိခင် အမျိုးသမီးတစ်ဦး ဂျင်းစိုက်ခင်းတွင် မြက်ရှင်းနေစဥ် မြွေကိုက်ခံရပြီး ဆေးရုံးမရောက်မီ သေဆုံးသွားခဲ့ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း) တာဝန်ရှိသူထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ဘော်နှင်းကျေးရွာအုပ်စု၊ ဆူးပန်းအင်းရွာနေအမျိုးသမီးနှင့်လသားရွယ်ကလေးတို့သည် ဇွန်လ (၂၄)ရက်နေ့တွင် ဂျင်းစိုက်ခင်းသို့မြက်ပေါင်းရှင်းရန် သွားရာတွင် ကလေးမိခင် မြွေကိုက်ခံရပြီး ဆေးရုံပို့ချိန် အချိန်မမှီ၍ လမ်းပေါ်တွင် သေဆုံးသွားခဲ့သည်။

“အချိန်မမှီတာ လမ်းပန်းဆက်သွယ်ရေးက ဘော်နှင်းကျေးရွာဆိုတော့ ကျွန်တော်တို့အောင်ပန်းနဲ့က တော်တော်အလှမ်းဝေးတယ်၊ ပထမဆုံးဖြစ်စဉ်ကတော့ သူခြံထဲသွားတော့ သုံးလသား ကလေးပါတယ် ၊ ခြံထဲက ပေါင်းရှင်းဖို့သွားတာ ၊ ကလေး ကိုစောင်လေနဲ့ ထုတ်ပြီး မြေကြီးပေါ်သိပ်ထားတယ်၊ ပေါင်းတွေကိုသွားရှင်းတာပေါ့ ဂျင်းခင်းမှာ အဲ့အချိန် ကလေးက ငိုတဲ့အခါကျတော့ သူက ပြန်ပြေးလာပြီးတော့ ကလေးကိုကောက်ချီတဲ့အချိန်မှာ စောင်အောက်မှာ မြွေက သူရဲ့ခြေထောက်ကို ပေါက်လိုက်တာ”ဟု နာရေးကူညီမှု အသင်းမှပြောသည်။

သူမသည် မြွေပေါက်ခံရပြီး မူးလဲချိန်ရွာသားများပြေးလာပြီး သူမအား ဆေးရုံးသို့ ပို့ဆောင်ချိန် လမ်းသည် မိုးရွာထားသဖြင့် ပျက်စီးနေပြီး သွားလာရခက်ခဲသဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေးရုံသို့ရောက်ချိန် ဆရာဝန်များက လူနာအားစစ်ဆေးရာအသက်ပါမရှိတော့ကြောင်း သုံးလသားကလေးမှာ ထိခိုက်မှုမရှိကြောင်းသိရသည်။

ထိသေဆုံးသူ အသက်(၁၈)နှစ် အမျိုးသမီး၏ ရုပ်ခန္ဒာအားဆူးပန်းအင်းရွာနေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အလားတူ ဇွန်လ (၁၆)ရက်နေ့တွင်လည်း ကလောမြို့၊ တောင်ပို့လှရွာရှိ အမျိုးသမီးတစ်ဦး စိုက်ခင်းသွားရာ၌ မြွေပွေးကိုက်ခံရပြီး ကလော ဆေးရုံးမှ တောင်ကြီး စဝ်းစံထွန်းဆေးရုံးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည့် ဖြစ်စဉ်မျိုးလည်းရှိခဲ့သည်။

PPV0013
ပုံ-နာရေးကူညီမှုအသင်း(အောင်ပန်း)
#မှုခင်း
#သဘာဝပတ်ဝန်းကျင်
#အောင်ပန်းမြို့
#ဘော်နှင်းကျေးရွာအုပ်စု
#ဆူးပန်းအင်းရွာ
#လသားရွယ်ကလေး
#ဂျင်းစိုက်ခင်း
#မြွေကိုက်ခံရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7