ခမ်းသားငေါဝ်း

ဇွန် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/18WqsYLRsr/

ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့ အင်း အရှေ့ဖက်ကမ်းရှိ ဆောင်နန်ခဲကျေးရွားကို စစ်ကောင်စီ နှင့် PNO ပူးပေါင်းစစ်ကြောင်းတို့ ဝင်ရောက်လာပြီး ဇွန်လ ၂၄ ညနေပိုင်းအချိန်တွင် နေအိမ်များအား မီးရှို့ဖျက်ဆီးသွားသည်။

” မနေ့က ရှို့လိုက်တာပါ၊ အိမ်ခြေတော်တော်များမီးလောင်သွားပါတယ်၊ တစ်ရွာလုံးနီးပါးပါပဲ၊ အဲ့ကောင်တွေက သူတို့ဝင်တဲ့ရွာတိုင်းကိုမီးရှို့နေတာ ” ဟု သတင်းရင်းမြစ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်မှစပြီး ဆောင်နန်းခဲကျေးရွာဖက်ကို စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ နှင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ၏ လေယာဥ်၊ လက်နက်ကြီးပစ်ကူများကြောင့် တော်လှန်ရေးဖက်မှ နောက်ဆုတ်ပေးလိုက်ရကြောင်းသိရသည်။

” ရှေ့ရက်က တိုက်ပွဲပြင်းထန်ဖြစ်တယ်၊ စစ်ကောင်စီဖက်က လေယာဥ်နဲ့ ၂ ကြိမ်လာကြဲတယ်၊ ပြီးတော့ စစ်ကောင်စီရဲ့ ဖယ်ခုံ ၃၃၆ တပ်ကနေ လက်နက်ကြီးတွေပစ်ကူပေးနေတယ်၊ လောလောဆယ်တော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆောင်နန်းခဲ ကျေးရွာကို ပြန်လက်လွတ်လိုက်ရတယ်” ဟု ၎င်း ကဆက် ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံအချို့ စစ်ဘေးရှောင်နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေးနှင့် နေရာထိုင်ခင်းများ အရေးပေါ် အကူအညီလိုအပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့မှစပြီး စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်က ဖယ်ခုံ အင်းအရှေ့ဖက်ကမ်းကို အင်အား ၁၀၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံထောင်ချီစစ်ဘေးတိမ်းရှောင်နေရသည်။

PPV 003

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home