ခမ်းသားငေါဝ်း
ဇွန် ၂၄၊ ၂၀၂၅

https://fb.watch/AqoSVOeP7l/

လွိုင်ကော်မြို့နယ် အောင်သပြေကုန်းရွာတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံနေအိမ်များကို ရွာလုံးကျွတ်မီးရှို့ဖျက်စီးခဲ့ခြင်းကြောင့် ပြည်သူများစိတ်ဓာတ်ကျခဲ့ရကြောင်းသိရသည်။

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေကုန်းရွာ တပ်စွဲထားသည့် စစ်ကောင်စီကို ဇွန်လ(၃)ရက်နေ့၌ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက် ခိုက်သဖြင့် စစ်ကောင်စီဘက်မှအထိနာခဲ့ခြင်းကြောင့် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင်း သိရသည်။

“ ရွာကအိမ် သူများရှို့ကုန်ပြီ ဆိုတဲ့စကားကြားကြားခြင်း ရင်နဲ့မဆန့်အောင် အရမ်းခံစားရတယ်၊ အိမ်တအိမ်ရဖို့ လွယ်မှမလွယ်တာလေ၊ သွေးစာချွေးစာနဲ့ရှာထားရတာ မဟုတ်လား၊နဂိုကတည်းက စစ်ရှောင်ရလို့ စစရာရာအဆင်မပြေပါဘူးဆို၊ ခုအိမ်ကိုပါသူတို့ရှို့သွားတော့ ဘာတစ်ခုမှအ ဆင်မပြေဘူး တခါတလေ ခြေစုံပစ်ပြီးအရာရာကိုအရှုံးပေးချင်စိတ်တောင်ပေါက်တယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောလာသည်။

ထိုပြင် တောင်သူလယ်သမားဆိုတာ စိုက်ပျိုးရေးကိုအဓိကထားပြီး အသက်မွေးဝမ်းကြောင်းပြုရတာသဖြင့် စိုက်ပျိုးဖို့တွက်တောင်ယာတွေမရှိတဲ့အပြင် နေ့စားလည်း စိုက်ပျိုး/ရိတ်သိမ်းချိန်လောက်ဘဲခေါ်သည့်အတွက် နွေရာသီတွင် နေ့စားလိုက်ရန် ခေါ်မည့်သူမရှိသဖြင့် စားဝတ်နေရေးအတွက်တွေးပူနေရကြောင်း ကလေးတွေတွက်ကျောင်းစာရိတ်လည်း တွေးပူနေရကြောင်းသိရသည်။

“ခုလိုအိမ်မီးရှို့ခံရတော့ ဘာတစ်ခုမှအဆင်မပြေဘူး၊ ပိုက်ဆံရှိတဲ့သူက အရင်းနှီးထုတ်ပြီး စီးပွားရေးလုပ်နိုင်ကြပေမဲ့ ပိုက်ဆံမရှိတဲ့သူအဖို့တော့ အရင်းနှီးထုတ်ဖို့မပြောနဲ့ ထမင်းနပ်မှန်ဖို့တောင်မှ မနည်းရုန်းကန်နေရတယ်၊ ဒီနှစ်က ကံအဆိုးဆုံးနေ့လို့တောင်မှတ်ထင်ရတယ် အိမ်လည်းမရှိတော့ဘူး၊ ရွာလည်းမရှိတော့ဘူး၊ ကြားထဲမိုးကပါအဆက်မပြတ်ရွာတော့ နေ့စားလည်းလိုက်လို့မရတော့ စားဝတ်နေရေးအတွက် အဆင်မပြေမှုတွေရှိခဲ့တယ်”ဟု ၎င်းကဆက်ပြောသည်၊၊

၁၁.၁၁.၂၃ ခုနှစ် (၁၁၁၁)လုံးစစ်ဆင်ရေးကတည်းက ယခုထိစစ်ဘေးရှောင်သိမ်းရှောင်နေရပြီး စစ်ရှောင်တာကြာလာသည်နှင့်အမျှ ရွာခံတွေရဲ့မကြည်ဖြူမှုတွေလည်းရှိလာခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေ့စားမလိုက်လို့မရသဖြင့် စားဝတ်နေရေးနှင့်ကလေးကျောင်းစာရိတ်တွေ အခက်တွေ့နေရကြောင်းသိရသည်၊၊

PPV10
#လူ့အခွင့့်အရေး
#လွိုင်ကော်မြို့နယ်
#အောင်သပြေကုန်းရွာ
#တိုက်ပွဲဖြစ်ပွားပြီး
#ရွာလုံးကျွတ်မီးရှို့ဖျက်စီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7