ခမ်းသားငေါဝ်း
ဇွန်လ ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/19X8aBL1ca/

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်လေးလုံးဂိတ် အနီးတွင် ၆ ဘီးကား အရှိန်မထိန်းနိုင်ဘဲ ကျောက်မီးသွေး တွဲကား ဝင်တိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သည် ဇွန်လ ၂၄ ရက် ညပိုင်း ၁၀ နာရီခွဲ အချိန် ရွှေညောင်မြို့၊ တောင်လေးလုံးဂိတ် အနီးတွင် ဟီးနိုး အမျိုးအစား ၆ ဘီး အဖြူရောင် ကားသည် အရှိန်းမထိန်းနိုင်ဘဲ လမ်းညာဘက်တွင် ရပ်ထားသော Dong Feng အမျိုးအစား ၂၂ ဘီး ကျောက်မီးသွေး တင်ယာဉ်အား နောက်မှ ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၆ဘီး ယာဉ်မောင်းသမား က အရှိန်မထိန်းနိုင်ဘဲ တွဲကားကို ဝင်တိုက်မိတာပါ၊ ကားဆရာ နည်းနည်း ပါးပါး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ အတွက် တောင်ကြီး စဝ်စံထွန်း ဆေးရုံ ကို ပို့လိုက်ရတယ်။”ဟု ကူညီရေး လုပ်ကိုင်ဆောင်ရွက်သူ တစ်ဦးက ဆိုသည်။

ထိုယာဉ်တိုက်ခြင်းကြောင့် ၆ ဘီး ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်) ကို ကမ္ဘောဇလူမှုကူညီရေး အသင်းမှ လူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့ ၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံ ပို့ဆောင် ကူညီပေးခဲ့ကြောင်း ကြား သိရသည်။

ထိုဖြစ်စဉ်နေရာသို့ တောင်ကြီးမီးသတ်စခန်း ၊ ရွှေညောင် နယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များ ၊ တို့ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ထို့ပြင် ဇွန်လ ၂၄ ရက် ညနေပိုင်း ၆ နာရီ ဝန်းကျင်တွင် တောင်ကြီးမြို့အောက်စျေး မြောက်ဘက် အကျော်တွင်လည်း တွဲကားနှင့် ဆိုင်ကယ်တိုက်မိခြင်းကြောင့် ဆိုင်ကယ်ပေါ် စီးနင်းသူ ၂ ဦး ခေါင်းကွဲသွားခဲ့သေးကြောင်း သိရသည်။

#PPV-006
#မှုခင်း
#တောင်လေးလုံး
#ယာဥ်တိုက်မှု

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home