ခမ်းသားငေါဝ်း

ဇွန် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/1ByMHpEtdB/

ပြည်သူ့ပန်းတိုင်မှ ကောက်ယူထားသည့် မှတ်တမ်းများအရ ဇွန်လ တတိယအပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီ အဖွဲ့ဝင် စစ်သား၊ ရဲ နှင့် ပြည်သူ့စစ် စုစုပေါင်း ၂၅၀ နီးပါးအထိ ရှိလာကြောင်း ပြည့်သူပန်းတိုင်ထံမှ သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ချ၊ အလင်းဝင် တပ်သားသစ်များသည် ယခုကာလ တိုက်ပွဲပြင်းထန်နေသည့် ဒေသများတွင် ရှေ့တန်းပို့ဆောင်ခံရသူများက အလင်းဝင်သူ ရာခိုင်နှုန်းများလာကြောင်းသိရသည်။

“တပ်သားသစ် တော်တော်များများကတော့ သူတို့က ရှေ့တန်း စခန်းတွေမှာ ဒီဘက်ကိုအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အလင်းဝင် တာတွေရှိတယ်၊ တော်တော်များများကတော့ အဲ့လို့ တွေ့ရတယ်ပေါ့နော် မြေပြင် မှ ထွက်ပြေးလာပြီးတော့ တကယ် အခြေချတပ်တွေက ထွက်ပြေးလာတဲ့ အလင်းဝင်တွေကတော့နည်းတယ်ပေါ့နော် အများစုကတော့ ရှေ့တန်း ဌာနကို ပို့ခံရတဲ့အချိန်မှာ ဒီဘက်က တော်လှန်ရေး အဖွဲ့အစည်းတွေ နဲ့ချိတ်ဆက်ပြီးတော့ အလင်းဝင် တာကတော့ပိုများပါတယ်”ဟု ပြည့်သူပန်းတိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်မှ ဇွန်လ တတိိယပတ်အတွင်း အလင်းဝင် စစ်သား၊ရဲ၊ ပြည့်သူ့စစ် (၁၂၈)ဦးထဲမှ စစ်မှုထမ်းတပ်သားသစ် (၃၄)ဦးနှင့် စစ်သုံ့ပန်း (၆၉)ဦး၊ လက်နက်ချစစ်သား(၅၀) စုစုပေါင်း (၂၄၇)ဦး ရှိလာကြောင်း ဖော်ပြထားသည်။

ပြည်သူ့ပန်းတိုင်၏ ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း – ၁၅၀၀ နီးပါးအထိ ရှိလာကြောင်းသိရပါသည်။

၎င်း ကောက်ယူထားသည်မှတ်တမ်းသည် မြေပြေဒေသတွင် ၎င်း အရေအတွက် အတွက် ပိုများနိုင်ကြောင်း ဖော်ပြထားပါသည်။

PPV0013
ပုံ-ပြည်သူ့ပန်းတိုင်
#လူ့အခွင့်အရေး
#ပြည်သူ့ပန်းတိုင်
#ကောက်ယူထားသည့်မှတ်တမ်း
#အလင်းဝင်
#လက်နက်ချ
#စစ်သုံ့ပန်း
#ရဲနှင့်ပြည်သူ့စစ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7