ခမ်းသားငေါဝ်း
ဇွန် ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/1WRLrwXPRK/
ဆိုင်ကယ်ဖြင့် မောင်းနှင်းလာသည့် စုံတွဲတစ်တွဲကို ကားဖြင့် အနောက်မှ ဝင်တိုက်ရာ အမျိုးသမီးဖြစ်သူသည် နေရာတွင်သေဆုံးပြီး ကားမောင်းသူ ထွက်ပြေးသွားကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း) ထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-တောင်ကြီးသွားလမ်း သရက်ပုရွာ၊ သရက်ပုကျေးလက် ကျန်းမာရေးရုံးရှေ့အနီးလမ်းမပေါ်တွင် ဇွန်လ (၂၄)ရက် ညနေပိုင်း ၇:၁၅ မိနစ်အချိန် ကားတစ်စီးသည် စုံတွဲတစ်တွဲ မောင်းနှင်းလာသည်ဆိုင်ကယ်အားတိုက်မိရာ အမျိုးသမီးသေဆုံးခဲ့သည်၊၊
“ ကားက အနောက်ကနေဝင်တိုက်ပြီးတော့ အမျိုးသမီးက အနောက်ကနေထိုင်တာဆိုတော့ ကားနဲ့ချိတ်ပါသွားတယ် ပေသုံးဆယ်လောက်ပါသွားတာ သူကတော့ အဲ့မှာတင်သေသွားတာ၊ အခုမှ ခိုးပြေးလာတာပြောတယ် ၊ အမျိုးသားတော့ ထိခိုက်တာရှိတယ် ဆေးရုံးတော့တင်ထားတယ် စိုးရိမ်စရာတော့မရှိဘူး”ဟု အောင်ပန်းမာရေးကူညီမှုအသင်းမှတာဝန်ရှိသူက ခမ်းသားငေါဝ်းက်ိုပြောသည်။
ကားမောင်းသူသည် ယာဉ်တိုက်မှုဖြစ်ပြီး ကားကို ချန်ထားကာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အောင်ပန်းနာရေးကူညီမှုအသင်းမှ ဒဏ်ရာရရှိသူ အမျိုးသားကိုအောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ပြီး ၊ သေဆုံးသူအမျိုးသမီး၏ ရုပ်ခန္ဓာအား အောင်ပန်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
PPV0013
ပုံ-နာရေးကူညီမှုအသင်း (အောင်ပန်း)
#မှုခင်း
#အောင်ပန်း-တောင်ကြီးသွားလမ်း
#သရက်ပုရွာ
#သရက်ပုကျေးလက်ကျန်းမာရေးရုံး
#စုံတွဲတစ်တွဲမောင်းနှင်းလာသည်ဆိုင်ကယ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7