ခမ်းသားငေါဝ်း

ဇွန် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/15XLaiyuEo/

တအောင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီမှ ပေါင်(၅၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၄)ဦး သေဆုံးပြီး (၁၅)ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဇွန်လ(၂၄)ရက် ညနေ(၅)နာရီဝန်းကျင်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ရပ်ကွက်(၃)နှင့် ရပ်ကွက်(၇) ဗလီကျောင်းရှေ့ တစ်လုံးနှင့် စံပြထမင်းဆိုင်မှာ တစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် ထမင်းဆိုင်ပိုင်ရှင်အပါအဝင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

“သေဆုံးသွားတာက (၄)ဦးပေါ့။ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ မြေး သားလေး၊ပြီးရင် စစ်ဘေးရှောင်လာတဲ့သူ (၂)ဦးပါ။ ဒဏ်ရာရသူတော့ များတယ်။ အဲ့ထဲမှာ (၅)လသား ကလေးငယ်လည်း ပါတယ်”ဟု ဖြစ်စဉ် သိရှိသူ အမျိုးသား(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ရစရာမရှိအောင် ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

‌အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီသည် ပြည်သူလူထုနေထိုင်ရာ နေရာများတွင် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်နေသောကြောင့် လေကြောင်းသတိရှိစွာ နေထိုင်ကြရန် TNLA မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ(၁၂)ရက်မှာလည်း နမ္မတူမြို့နယ် မန်လီကျေးရွာတွင် ပေါင်(၅၀၀)ဗုံးဖြင့် ကျဲချတိုက်တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

PPV0011
ပုံ-TNLA
#လူ့အခွင့်အရေး
#တအောင်းတပ်မတော်
#TNLA
#ကျောက်မဲမြို့
#ဗုံးကြဲချတိုက်ခိုက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7