ခမ်းသားငေါဝ်း

ဇွန် ၂၅၊ ၂၀၂၅

https://www.facebook.com/share/p/1XLom7uCfs/

ကျောက်စုကျေးရွာရှိ စစ်မှုထမ်းမဲကျထားသည့်အမျိုးသားနှစ်ဦးကိုဇွန်လ၂၂ ရက်နေ့တွင်စစ်ကောင်စီက နေအိမ်ထိလာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ပြန်ရွေးရာတွင် သိန်းရာချီပေးရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ကျောက်စုကျေးရွာရှိမောင်ဖိုးအော်နှင့် မောင်သူသူအမျိုးသားနှစ်ဦးအားစစ်မှုထမ်းရန်အတွက်အိမ်ထိလာခေါ်ခံခဲ့ရခြင်းမှမိဘများက ပြန်ရွေးယူရာတွင် သိန်းရာချီပေးနေရသည်။

“မောင်ဖိုးအော်ဆိုတဲ့ကောင်လေးကစိတ်မမှန်ဘူး တစ်ရွာလုံးလည်းသိတယ် အဆင်မပြေတဲ့မိသားစုကပါဗျာ ပိုက်ဆံတွေလိုက်ချေးပြီးထုတ်လာရတယ် အုပ်ချုပ်ရေးမှူးကလိုက်လည်းမထုတ်ပေးဘူး”ဟုဖြစ်စဥ်သိရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

တစ်ဦးကို ၈၅ သိန်းနှင့်မိဘများက ချေးငှားပြီးရွေးထုတ်ခဲ့ရကြောင်း သိရသည်၊၊

“အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကလည်း အစိမ်းဖက်ဆိုတော့ ရွာသူရွာသားတွေကအရမ်းနစ်နာရတယ် သူ့ကိုယ်ကျိုးအတွက်ပဲသူလုပ်နေတယ် မောင်ဖိုးအော်နဲ့မောင်သူသူကသူတို့မိသားစုရှိမဲ့မရှိမဲ့ ပိုက်ဆံနဲ့ရွေးလာရတယ်ဗျ မောင်ဖိုးအော်ဆိုညီကိုမောင်နှမတွေအိမ်ထောင်ကျကုန်ပါပြီ အိမ်မှာသူ့အမေနဲ့ညီမလေးဘဲရှိပါတော့တယ်”ဟု၎င်းဖြစ်စဥ်သိရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုဆက်ပြောသည်။

နောင်လာမည့်အချိန်တွင်လည်း အထက်ကအမိန့်ဆိုပြီး ယခုလိုဖြစ်ရပ်မျိုးထပ်ကြုံရမှာကိုစိုးရိမ်နေရကြောင်း သိရသည်။

PPV-009
ပုံ-CJ
#လူ့အခွင့်အရေး
#ပင်းတယမြို့နယ်
#ကျောက်စုကျေးရွာ
#စစ်မှုထမ်းရန်အတွက်
#အိမ်ထိလာခေါ်ခံခဲ့ရ
#ပြန်ရွေးယူရာတွင်သိန်းရာချီပေးနေရ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7