ခမ်းသားငေါဝ်း

ဇွန် ၂၄၊ ၂၀၂၅

https://www.facebook.com/share/p/1EaXWFb3gC/

အင်းလေးတောင်ပိုင်းစံကားအင်းတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ငါဖမ်းခြင်းကို ပြန်လည်ခွင့်ပြုပေးကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ ဘုရားတောင်အနီးတစ်ဝိုက် အင်းထဲတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကစပြီး စက်လှေမောင်းခွင့်အပြင် ငါဖမ်းခွင့်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပိတ်ပင်ခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာ ယခုဇွန်လဒုတိယပတ်ထဲတွင် ငါးဖမ်းခွင့်ပြန်လည် ပေးခဲ့ကြောင်းသိရသည်။

“စက်လှေကိုတော့ ပေးမမောင်းသေးဘူး။ ငါဖမ်းတာတော့ရပြီ။ လှေကိုတော့ စက်မပါတဲ့ လှေအငယ်တွေဘဲ မောင်းခွင့်ပြုသေးတယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ငါးဖမ်းခြင်းကို တစ်နှစ်ကျော်ပိတ်ပင်ပြီးနောက် ယခုငါးဖမ်းခွင့်ပြန်ပေးသောအချိန်သည် ငါးအများအပြားရရှိကျသဖြင့် ငါဖမ်းသူလည်းများပြားလျက်ရှိကြောင်းသိရသည်။

ယင်းစံကားဒေသတစ်ဝိုက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ကျေးရွာခံလည်း ပြန်နေကြပြီဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ခွင့်မရသေးသည့်အတွက် အင်းထဲတွင် ငါးဖမ်းပြီး ဝင်ငွေရှာကြရကြောင်းသိရသည်။

#PPV005
Photo-အွန်လိုင်
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#ဘုရားတောင်အနီးတစ်ဝိုက်
#စက်လှေမောင်းခွင့်
#ငါဖမ်းခွင့်ကို
#ပိတ်ပင်
#ငါးဖမ်းခွင့်ပြန်လည်ပေးခဲ့

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7