ခမ်းသားငေါဝ်း
ဇွန် ၂၄၊ ၂၀၂၅
https://www.facebook.com/share/p/1A7niMbvhS/
ဟိုပုံမြို့တွင် မကြာခဏအလှူငွေ လာရောက်ကောက်ခံနေခြင်းများကြောင့် ဒေသခံများ စိတ်အနှောင့်ယှက်ဖြစ်ရကြောင်း ဇွန်လ(၂၄)ရက်တွင် စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ဒေသခံမဟုတ်သည့် သူများမှ အလှူခံနိုင်သော ထောက်ခံချက်ပါသည်ဟု ဆိုကာ အလှူငွေ အတင်းတောင်းခံမှု ရှိနေကြောင်း ဒေသခံထံမှ သိရသည်။
“အဖြူအစိမ်းနဲ့က တစ်ဖွဲ့ လာတုန်းက အလှူငွေထည့်လိုက်တယ်။ ကုလားဆင် မိန်းမ လာအလှူခံတာက တစ်ဖွဲ့။ အေးသာယာနဲ့ ညောင်ရွှေဖက်ကလို့ပြောတယ်။ ဟိုပုံးမြို့ပေါ် အလှူခံနိုင်တယ်ဆိုတဲ့ ထောက်ခံစာပြတော့ အပေါ်ယံဖတ်ကြည့်လိုက်သေးတယ်။ ဘုရားပြုပြင်ရန်လို့ ပြောတာပဲ”ဟု ဒေသခံ အမျိုးသမီး(၁)ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ခေတ်အခြေအနေမကောင်းသည့် အခြေအနေကြောင့် အိမ်အထိ လိုက်လံအလှူငွေ ကောက်ခံခြင်းကို ဒေသခံများက မကြိုက်ကြောင်းနှင့် အလှူငွေ ထောင်ဂဏန်းသာ ထည့်လျှင်လည်း သောင်းဂဏန်း အတင်းထည့်လှူခိုင်းကြောင်း သိရသည်။
“အိမ်သော့ခတ်ထားလည်း အပြင်ကနေ အတင်းအော်ပြီး အလှူငွေလာခံတယ်။ ပြီးတော့ တစ်ဖွဲ့တည်းမဟုတ်ဘူး။ ကြည့်ရတာ (၂)ဖွဲ့(၃)ဖွဲ့လောက်ရှိမယ်။ (၅)ထောင်လှူတာကို အတင်း(၃)သောင်းလှူခိုင်းတယ်။ မရှိဘူးလို့ လေသံမာမာနဲ့ပြောလိုက်မှ စကားရှည်တာ ရပ်သွားတယ်။ အပြောအဆိုက အဆင်မပြေတော့ ကုသိုလ်ရမရတော့မသိဘူး။အကုသိုလ်တော့ ရမှာ သေချာတယ်။ ” ဟု နောက်ထပ် ဒေသခံတစ်ဦးလည်း ပြောသည်။
ပိုက်ဆံမရှိဘူးပြောသည့်အိမ်များထံတွင်လည်း Kpayနှင့် (၃)သောင်း(၅)သောင်းလှူရန် အလှူခံခြင်းများရှိနေကြောင်း သိရသည်၊၊
အလုပ်အကိုင် ကြပ်တည်းလာမှုနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နည်းမျိုးစုံဖြင့် လိမ်လည်နေသူများနေသောကြောင့် အချင်းချင်း သတိထားပြီးနေထိုင်ကြရန် လိုကြောင်း ဒေသခံက ပြောသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွက့်အရေး
#ဟိုပုံမြို့
#မကြာခဏအလှူငွေလာရောက်ကောက်ခံ
#အိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
#ဒေသခံမဟုတ်သည့်သူများ
#အလှူခံနိုင်သောထောက်ခံချက်
#အလှူငွေအတင်းတောင်းခံမှုရှိနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7