ခမ်းသားငေါဝ်း
ဇွန် ၂၄၊ ၂၀၂၅
https://www.facebook.com/share/p/1B2mBdkLkf/
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်က SSPP/SSA တပ်စခန်းတည်ရှိရာ နေရာသို့ TNLAမှ စစ်ကြောင်း (၃)ကြောင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ကြောင်း ဇွန်လ(၂၃)ရက်တွင် SSPP/SSA မှ ထုတ်ပြန်ထားသည်။
ဇွန်လ(၂၃)ရက် နံနက်(၁၀)နာရီခွဲတွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စု ကျေးရွာတောင်ဘက်ရှိ SSPP/SSAတပ်စခန်း တည်ရှိရာနေရာသို့ TNLA တပ်ဖွဲ့မှ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
“တိုက်ပွဲက မိုးဟောက်ရွာရဲ့ တောင်ဘက်အရပ်မှာ ဖြစ်တယ် မိုးဟောက်ရွာကနေ ဆင်းသွားရင် SSPP/SSAအဖွဲ့တွေ ထိုင်ထားတယ် TNLA ဘက်က ဘော်ဒေရွာကနေ လမ်းမကြီးနောက်ဘက် တစ်ကြောထိ နေရာယူထားတယ် အခုချိန်ထိတော့ နှစ်ဖွဲ့စစ်ရေးတင်းမာအနေအထားဖြစ်နေတယ်”ဟု မိုးဟောက်ကျေးရွာဒေသခံတစ်ဦးက ဖြေကြားထားသည်ကို ဖော်ပြထားသည်။
ယခုကိစ္စနှင့် ပတ်သက်၍ TNLA ဖက်က စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAမှ ခြုံခိုပစ်ခတ်တိုက်ခိုက်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
နှစ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် မွန်းလွဲပိုင်း(၁၂)နာရီ(၃)မိနစ်အချိန်မှာ TNLAစစ်ကြောင်း တည်ရှိရာကို လက်နက်ကြီး(၁)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAမှ ထုတ်ပြန်ထားသည်။
SSPP/SSAတပ်ဖွဲ့သည် ဟူးဆွန်တောင်စခန်းကိုလည်း တအောင်းတပ်မတော် TNLA၏ တပ်သားလှစ်သာနေချိန် အခွင့်ကောင်းယူကာ နေရာဝင်ယူခဲ့သောကြောင့် ဇွန်လ(၁၅)ရက်၌ SSPPတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်သောကြောင့် TNLAတပ်ဖွဲ့(၂)ဦး သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်တွင် TNLAတပ်ဖွဲ့ တပ်မဟာ(၂/၃/၉)တို့ စုပေါင်းပြီး အင်အား(၂၀၀)ကျော် ဝန်းကျင်သည် မိုင်းလုံ မိုးကုတ်မှ မိုးမတ်မြို့နယ်အတွင်း SSPP/SSAတပ်စခန်းရှိရာ မိုးဟောက်ကျေးရွာဘက်သို့ ဦးတည် ထိုးစစ်ဆင် ဝင်ရောက်နေရာချထားမှု ရှိခဲ့ကြောင်း SSPPမှ ထုတ်ပြန်ထားသည်။
PPV0011
ပုံ-အွန်လိုင်း
#ရှမ်းပြည်နယ်မြောက်ပိုင်း
#မိုးမိတ်မြို့နယ်
#SSPP/SSA
#TNLA
#အပြန်အလှန်ပစ်ခတ်မှုရှိခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7