ခမ်းသားငေါဝ်း
ဇွန်၂၄၊ ၂၀၂၅
https://www.facebook.com/share/p/16PFfszJqn/
ကရင်နီ- ရှမ်းတောင်နယ်စပ် မိုးဗြဲ တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ဇွန်လ ၁၆ ရက် နှင့် ၁၇ ရက်နေ့တို့တွင် မိုးဗြဲ PDF၊ ကျွဲချိုတပ်ခွဲမှ ရဲဘော် နှဈဥျီးဖွဈသော မောင်အာကာထွန်း နှင့် မောင်နေမင်းထွေးတို့ တိုက်ပွဲအတွင်းကျဆုံးသွားကြောင်း မိုးဗြဲ PDF၊ ကျွဲချိုတပ်မှ ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဒီမိုကရေစီ အမြန်ဆုံးပေါ်ထွန်းရေးအတွက် မိုးဗြဲတွင် (၁၁၁၁) စစ်ဆင်ရေးကြီးနောက်ပိုင်း တောက်လျောက် စစ်ကောင်စီ ၏ တန်ပြန်ထိုးစစ်ဆင်မှုကို ယခုချိန်ထိ တော်လှန်ရေးတပ်ဖွဲ့များက ၁ နှစ်ကျော်အချိန်ထိ ခုခံစစ်အနေဖြင့်တည်ရှိနေဆဲ ဖြစ်ကြောင်းဆိုထားသည်။
မိုးဗြဲတွင် ယနေ့ချိန်ထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ပြည်သူနေအိမ်များကို မီးရှို့ခြင်းများပြုလုပ်နေကြောင်းသိရသည်။
” လက်နက်ကြီးတော့တနေကုန်ပဲပစ်နေတာ၊ စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး နေအိမ်တွေကိုမီးရှို့တာတွေရှိတယ်၊ ဒီရက်ပိုင်းလည်းထိတွေ့မှုတွေ ရှိနေပါတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
မိုးဗြဲ PDF ၊ ကျွဲချိုတပ်ခွဲအနေဖြင့် တော်လှန်ရေးတစ်လျောက်လုံးတွင် ရဲဘော် ၁၂ ဦးကျဆုံးသွားပြီး၊ ထိခိုက်ဒဏ်ရာကကိုယ်လက်အင်္ဂါ စွန့်လွတ်လိုက်ရသော ရဲဘော်များလည်းရှိကြောင်း သိရသည်။
စစ်ကောင်စီသည် မိုးဗြဲ ကိုပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ အင်အား ၅၀၀ ခန့်စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#ကရင်နီ
#ရှမ်းတောင်နယ်စပ်
#မိုးဗွဲ
#တိုက်ပွဲများဆက်လက်ပြင်းထန်နေ
#မိုးဗွဲPDF
#ကျွဲချိုတပ်ခွဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7