ခမ်းသားငေါဝ်း
ဇွန် ၂၄၊ ၂၀၂၅
https://www.facebook.com/share/p/1BsNqqVjDe/
နောင်ပါရင်ရွာရောက် စစ်ဘေးရှောင်တစ်ထောင်ကျော်ကို PNO ပြည်သူ့စစ်က အတင်းအဓ္ဓမရွာပြန်ခိုင်းခဲ့ကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ပါရင်ရွာရောက် စစ်ဘေးရှောင်တစ်ထောင်ကျော်ကို PNO ပြည်သူ့စစ်က ဖိအားပေး ပြန်ခိုင်းသောကြောင့် ဇွန်လ၂၀ ရက်နေ့တွင် စစ်ဘေးရှောင်များ အကုန်ပြန်သွားခဲ့ရကြောင်းသိရသည်။
“ရွာသားတွေက အရမ်းကူညီကြတယ် PNO က မပြန်လို့မရဘူး ဒီရွာမှာနေတာလည်း အဆင်မပြေဘူးဆိုပြီးပြောတာ အဲတာကြောင့် အကုန်ပြောင်းလိုက်ရတယ်။ PNO ကပြောတယ်ဆိုတော့ အကုန်ကြောက်တယ်လေ ပြန်လည်း မပြောရဲဘူး တိတ်တိတ်လေးဘဲ ပြောင်းရတာပေါ့”ဟု စစ်ဘေးရှောင်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
နောင်ပါရင်ရွာရောက်စစ်ဘေးရှောင်များသည် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာမှ ဒေသခံများဖြစ်ကြပြီး ဇွန်လ၂ ရက်နေ့တွင် ရောက်လာကြကြောင်းသိရသည်။
နောင်ပါရင်ရွာရောက်ပြီး နှစ်အပတ်ကျော်အကြာတွင် PNO ပြည်သူ့စစ်က ပြန်ခိုင်းပြီး တောင်ပို့ကွဲကျေးရွာထဲလည်း ပြန်နေလို့မရသေးသောကြောင့်ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာတွင်ယာယီထပ်မံ တိမ်းရှောင်နေရကြောင်းသိရသည်။
တောင်ပို့ကွဲကျေးရွာသည် ဇွန်လပထမပတ်အတွင်းPNOပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသဖြင့် ကျေးရွာနေပြည်သူများ ထွက်ပြေးခဲ့ရကြောင်းသိရသည်။
#PPV005
Photo -Credit
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#နောင်ပါရင်ရွာ
#စစ်ဘေးရှောင်တစ်ထောင်ကျော်
#PNOပြည်သူ့စစ်
#ဖိအားပေးပြန်ခိုင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7