ခမ်းသားငေါဝ်း
ဇွန် ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1JbS6xEqFB/

အင်းလေးဒေသတွင် မတ်လ (၂၈)ရက်နေ့၌ လှုပ်ခတ်ခဲ့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများသည့် ကေလာကျေးရွာအုပ်စုတွင် ရေပေါ်စျေးများ ပြန်လှည် လည်ပတ်လုပ်ကိုင်လာကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ အင်းလေးဒေသတွင် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည် ကေလာရွာ၌ ငါးရက် နှစ်ကြိမ် ရေပေါ်စျေး ပြန်လည် ပြုလုပ်လာနေသည်။

“မနက်ပိုင်းလာရောင်းကြတယ်၊ အင်းတိမ်စျေးတစ်ရက်ရယ် သန်းတောင်စျေး တစ်ရက်ရယ် အဝေးသွားဝယ်နေရမှာဆိုးလို့ ကျွန်တော်တို့ ကေလာမှာ လာရောင်းကြတာ၊ ကျွန်တော်တို့ ကေလာက အလုပ်တအားရှုပ်တယ်လေ မနက်ပိုင်းဆိုခြံသွားတာနဲ့ အလုပ်သွားတာနဲ့ဆို တချို့လူဆို ဖော်တော်ဦးစျေးတို့ နန်းပန်စျေးတို့ ကြားရက် မသွားနိုင်တဲ့သူတွေဆိုရင်ရွာထဲမှာပဲသုံးကြတာ” ဟု ဒေသခံတစ်ဦးမှပြောသည်။

ကေလာရွာရှိ ရေပေါ်စျေးသည် ကိုဗစ်ကာလ အတွင်းမှ စတင်၍ ကိုဗစ် စည်းကမ်းနှင့်အညီ ရောင်းချရာမှတဆင့်စတင်ခဲ့ကြောင်း သိရသည်။

“ကိုဗစ် ကတည်းက အဲ့ချိန် ကိုဗစ် စည်းကမ်းနဲ့ ဒီနားမှာ လာရောင်းပေးပါ ရွာသားတွေ အပြင်ထွက်ရင် ကိုဗစ်ဖြစ်မှာဆိုးလို့ ရွာထဲလာရောင်းပေးပါအဲ့လိုရောင်းရင်နဲ့ စျေးပုံစံလို့မျိုးဖြစ်သွားတာ”ဟု ကေလာ ဒေသခံတစ်ဦးမှပြောသည်။

ထို့ပြင် အင်းလေးဒေသရှိ ဟဲယာရွာမ ကျေးရွာရှိ ရေပေါ်စျေးသည်မြန်မာနိုင်ငံတွင်ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ဈေးဖွင့်လှစ် ရောင်းချနိုင်ခြင်းမရှိကြောင်းနှင့် သဘာဝဘေးများကြုံတွေ့ခဲ့ရသည့် အင်းလေးဒေသတွင် မူလ ဟဲယာရွာမရှိ ရေပေါ်စျေးကို ပြန်လည် ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

အင်းလေးရေပေါ်ဈေးသည် (၅)ရက်လျှင် ဈေးနေ့တစ်ရက်အဖြစ် သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်ရောင်းချပြီး အဓိက ရောင်းကုန်များအဖြစ် ဒေသအစားအစာများ၊ ဟင်းသီးဟင်းရွက်အပါအဝင် ကုန်ပစ္စည်းများကို လှေပေါ် တွင်တင်၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် ထုပ်ပိုးမှုစနစ် ရောင်းချခြင်းမျိုးဖြင့် ရောင်းချခဲ့ကြောင်းသိရပါသည်။

PPV0013
ပုံ-အွန်လိုင်း
#ရှမ်းပြည်နယ်တောင်ပိုင်း
#ညောင်ရွှေမြို့
#အင်းလေးဒေသ
#ကလောရှာ
#ရေပေါ်စျေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7