ခမ်းသားငေါဝ်း
ဇွန်လ ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/1ZuymRVsDZ/
ဟိုပုံးနှင့် တောင်ကြီးမြို့နယ်တွင်စိုက်၍ အပင်မပေါက် သည့် ၆၂၅ ပြောင်းမျိုးကို ကုမ္ပဏီ၊ပြောင်းကုန်သည်၊ပြောင်းအရောင်းကိုယ်စာလှယ်တို့မှ တောင်သူကို ပိုက်ဆံပြန်ထုတ်ပေးနေကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် ၆၂၅ပြောင်းစိုက်ပြီး အပင်မပေါက်သော တောင်သူများကို တစ်ထုတ်လျှင် ၁၆၅၀၀၀ကျပ်နှင့် စိုက်ပျိုးစရိတ် ၇၀၀၀၀ စုစုပေါင်း ၂၃၅၀၀၀၀ ကျပ်ဖြင့် ပြန်ထုတ်ပေးကြောင်းသိရသည်။
“ခုလို ပြန်ပေးတော့ ကောင်းပါတယ်။တောင်သူတွေလည်း တစ်ခြားသီးနှံ စိုက်ပျိုးဖို့စရိတ် ပြန်ရတာပေါ့။”ဟုဇလဲရွာနေ တောင်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
NK ၆၂၅မှ ကုတ်နံပတ် ၁၈ ပြောင်းမျိုးကိုသာ ပြန်ထုတ်ပေးပြီး ပိုက်ဆံပြန်သွားထုတ်သည့်အချိန်တွင်လည်း ပြောင်းအိတ်အခွံပါမှသာ ထုတ်ပေးကြောင်း သိရသည်။
တောင်သူများအနေဖြင့် ယခင် NK ၆၂၅ မှ ဝယ်ယူခဲ့သည့်ဆိုင်၊ အရောင်းကိုယ်စားလှယ်ထံတွင် ပြန် လည်သွားထုတ်နိုင်ကြောင်း သိရသည်။
NK ၆၂၅မှ ကုတ်နံပတ် ၁၈ ပြောင်းမျိုးကို ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်တွင်လည်းများစွာစိုက်ပျိုးပြီး အလားတူပင်အပင်မပေါက်သော်လည်း ယခုထိ ကုမ္ပဏီဖက်က ပိုက်ဆံပြန်ထုတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။
#PPV005
#စိုက်ပျိုးရေး
#ပြောင်း
#NK625
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295