ခမ်းသားငေါဝ်း
ဇွန် ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/16dQazfdcc/

ရှမ်းမြောက် ကွတ်ခိုင်နှင့်လားရှိုးမြို့နယ်တွင် လက်နက်ခဲယမ်းနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း TNLA က ထုတ်ပြန်ထားသည်၊၊

ကွတ်ခိုင်မြို့နယ် ဟိုကျန့်ရွာရှိ ဦးဇော်မို၏ နေအိမ်တွင် လက်နက်ပစ္စည်းများ စုထားကြောင်းသတင်း ရရှိခြင်းကြောင့် TNLA ရဲ့ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ကာဘိုင် ၂ လက်၊ M-21 ၁ လက်၊ ပစ္စတို ၆ လက်၊ MA-1 ၄ လက်၊ MA-2 ၂ လက်၊ G-3 ၁ လက်၊ ကျည်ဘောက် ၂၃ ခု၊ (၅.၅၆)ကျည် ၇၈ ထောင့်၊ 9MM ကျည် ၅၀ ထောင့်၊ 120MM ပြောင်းအထိုင် ၁ ခု၊ ပွိုင့် ၂၂ ကျည် ၃၀၀ ထောင့်နဲ့ ယာမဆေးပြား ၃၆၀ ပြား ဖမ်းမိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊

ဇွန်လ ၆ ရက်ကလည်း ဟိုပိတ်ရွာကနေ နောင်ချိုမြို့ဘက် ကားနဲ့သွားမယ့် အမျိုးသား ၂ ဦးကို အီနိုင်းရွာအနီးရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်က စစ်ဆေးရာ လက်ပစ်ဗုံး ၇ လုံး၊ နင်းမိုင်း ၁ လုံး၊ M9 ၇ လုံး၊ (၅.၅၆)ကျည် ၁၂၈၀ ထောင့်၊ (၇.၆၂)ကျည် ၅၆ ထောင့်၊ 9MM ကျည် ၆၆ ထောင့်၊ (၅.၆၅)ကျည် ၅ ထောင့်၊ ယာမဆေးပြား ၁၅၂ လုံး၊ စတားလင့် ၁ လုံးနဲ့ ငွေ သိန်း ၅၀ ဖမ်းမိခဲ့ကြောင်း ဆိုထားသည်၊၊

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း သယ်ဆောင်လာသူများသည် စစ်ကိုင်းတိုင်း မုံရွာနှင့် ဝတ်လက်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် ကိုထွန်းဇင်းအောင်နှင့် ကိုချစ်ဝိုင်းတို့ဖြစ်ပြီး ၄င်းတို့အား ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်၊၊

PPV0011
ပုံ-TNLA
#မှုခင်း
#ရှမ်းမြောက်
#ကွတ်ခိုင်နှင့်လားရှိုးမြို့နယ်
#လက်နက်ခဲယမ်းနှင့်အတူ
#မူးယစ်ဆေးဝါးများ
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7