ခမ်းသားငေါဝ်း
ဇွန်လ ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/1AnGHruLKr/

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မှ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးသို့ ကုန်စည်များ တင်ဆောင်ခွင့် မပြုတော့ကြောင်း ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ ကျိုင်းတုံ၊ တာချီလိတ် ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများ တွင် ပစ္စည်းများ တင်ဆောင်ခွင့် မရှိတော့ကြောင်း မော်တော်ယာဉ်လိုင်း တာဝန်ရှိသူက ဆိုသည်။

“အခု ဘာပစ္စည်းမှ တင်ဆောင်ခွင့် မရှိတော့ဘူး။ တစ်ပိုင်တစ်နိုင်တောင် ခရီးဆောင်အိတ်လောက်ပဲ ရတယ်။ ကျိုင်းတုံ ၊ တာချီလိတ်အတူတူပဲ။”ဟု ယာဉ်လိုင်း တာဝန်ရှိသူက ဆိုသည်။

တောင်ကြီးမှ တာချီလိတ်သို့ ခရီးသည် တစ်ဦးလျှင် ကားခ တစ်သိန်းတစ်သောင်းကျပ် ဖြစ်ကာ၊ လမ်းခရီး အဆင်ပြေလျှင် တစ်ည အိပ်ရကြောင်း ယာဉ်လိုင်း တာဝန်ရှိသူက ဆိုသည်။

ကျိုင်းတုံ နှင့် တာချီလိတ် သွားသော ယာဉ်လိုင်း မော်တော်ယာဉ်ခ အတူတူပင် ဖြစ်ကာ သိပ်မကွာကြောင်း သိရသည်။

တောင်ကြီးမြို့တွင်း ကုန်စည်ပို့ဆောင်ရေး ဂိတ်များကို မထားတော့ဘဲ မြို့ပြင် ဟိုပုံး အထွက်လမ်း ရှိ သစ်တော ကားလေးကွင်းနှင့် ကုန်စည်ပို့ဆောင်ရေး ဂိတ် တို့တွင် ဆိုင်ခန်း ဖွင့်ခွင့် ပြုတော့ကြောင်း သိရသည်။

ထိုသို့ ကုန်စည် တင်ဆောင်ခွင့် မပြုတော့သဖြင့် ပို့ဆောင် ဆက်သွယ်ရေး ခက်ခဲလာကာ တောင်ကြီးတွင် ဆေးဝါး နှင့် ပြည်ပ အသုံးအဆောင် ပစ္စည်းများ ရှားပါး စျေးတက်လာနေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် တရားမဝင် ကုန်စည်များ ဖမ်းဆီးမှု တင်းကြပ်စွာ ဆောင်ရွက်လာသဖြင့် ကုန်စည်ပို့ဆောင်ရေး ဂိတ်များတွင်လည်း ဂျူတီ မဲ့ ကုန်စည်များ တင်ဆောင်ရန် ကားဆရာများ ငြင်းဆန် လာခြင်း ဖြစ်ကြောင်း ၊ တရားမဝင် ကုန်စည်များ ဖမ်းဆီးခံရလျှင် ကုန်စည် ရော မော်တော်ယာဉ်အပါ သိမ်းဆည်းခြင်း ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည် မြောက်ပိုင်း နှင့် အရှေ့ပိုင်း တို့ သွားသော မော်တော်ယာဉ်လိုင်းများ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလာခြင်း ကြောင့် ရှမ်းပြည်တောင်ပိုင်းထွက် ကုန်စိမ်းသီးနှံများ ပို့ဆောင်ဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် စိုက်တောင်သူများ နှင့် ပွဲရုံ ကုန်သည်များ ခက်ခဲလာနေကြောင်း ကုန်စည်ပွဲရုံ တစ်ခုထံမှ သိရသည်။

ပုံဟောင်း

#PPV-006
#ကုန်သွယ်ရေး
#ကုန်ပစ္စည်း
#တောင်ကြီး
#တာချီလိတ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295