ခမ်းသားငေါဝ်း
ဇွန်လ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/1AZw1EersR/

ဖယ်ခုံအင်းအရှေ့ဖက်ကမ်းတွင် စက်သုံးဆီများပြတ်လပ်နေသောကြောင့် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့ အင်းအရှေ့ဖက်ကမ်းတွင် စက်သုံးဆီများ ပြတ်လပ်နေသောကြောင့် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေသည်။

” ဒီဖက်မှာတောင်ယာ လုပ်နေတဲ့လူတွေက အများကြီးရှိနေသေးတယ်၊ ဒီချိန်မှာလည်း သီးနှံစိုက်ပျိုးနေတဲ့ရာသီလည်းဖြစ်တယ်၊ တောင်ယာတွေ သွားဖို့ ၊ ထွန်စက်တွေအသုံးပြုဖို့ ဓာတ်ဆီ၊ဒီဇယ်တွေက အခြေခံလိုအပ်ချက်တွေဖြစ်နေတယ်၊ အခုလိုဆီပြတ်သွားတော့ သွားရေးလာရေးကအစ အခက်အခဲအများကြီးဖြစ်စေတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နေးနေကာ ကုန်စျေးနှုများမြှင့်တက်လာရခြင်းဖြစ်ကြောင်းသိရသည်။

အခြားဒေသခံတစ်ဦးကလည်း ” အရင်တုန်းကတောင်ငူလမ်းကိုသုံးနေတယ်ပေါ့ ၊ အခုက တိုက်ပွဲအခြေအနေကြောင့် KNU ဖက်ကပေးမဖြတ်သေးဘူး၊ ကြာအုန်းမယ်လို့သိရတယ်၊ လောလော ဆယ် ရေနီလမ်းဖက်ကို အသုံးပြုနေရတယ်၊ အဲ့လမ်းက ကြမ်းတယ် မြေသားလမ်းလည်းဖြစ်တယ်၊ အရင်တုန်းကားကြီးတွေဝင်တော့ လမ်းပျက်ပြီး ကားမှောက်တာတွေခနခနဖြစ်တယ်၊ အခုက ကားအသေးတွေပဲ ပေးဖြတ်တော့တာ၊ ဆီတွေဆိုလည်းတစ်ခါတင်ရင် ၄ ပီပါ၊ အများဆုံး ၆ ပေပါလောက်ပဲတင်လို့ရတော့ ကားခနဲ့မကိုက်တော့ဘူး၊ ရေနီကနေ ဆီဘူးထိကိုပဲ ကားခ သိန်း ၃၀ လောက်ပေးရတယ်၊ အဲ့ကြောင့် ဆီတွေ စျေးအရမ်းတက်ပြီး ပြတ်သွားတဲ့ထိဖြစ်ရတာ” ဟုဆိုသည်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကရင်နီပြည်တွင် စက်သုံးဆီအပြင် အခြားသော စားသောက်ကုန်များလည်း စျေးအဆမတန် မြှင့်တက်လာကြောင်းသိရသည်။

photo KPV
#PPV 003
#oils
#Gas
#ဖယ်ခုံ
#ကရင်နီနယ်စပ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295