ခမ်းသားငေါဝ်း
ဇွန်လ ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/16fkLm3eQN/

ကျောက်မဲ-မိုင်းလုံ -လွယ်ခမ်း ကြားရှိ နမ့်ကော်တံတား ဝန်အားကြီးသည့် ကားကြီး မောင်းသွားရာ ယနေ့မနက် ကျိုးသွားကြောင်း သိရသည်။

TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ-မိုင်းလုံကြားရှိ အဆိုပါတံတားပေါ် ကားကြီးဖြတ်မောင်းရာမှ ကျိုးကျသွားကြောင်း သိရသည်။

“အဲ့တံတာ အရင်ကလည်း ဖြတ်ဖူးတယ်။ ယိုင်ချင်သလို ဖြစ်နေတာ။ ကားဆရာက ကွင်းလမ်းရှိတာကို မသွားဘဲ အဲ့ပေါ်ဖြတ်မောင်းတော့ ကျိုးပြီပေါ့။ အရင်က ဆိုင်ကယ် ကားသေးတော့ ဖြတ်လို့ရတယ်။ခံနိုင်ဝန်ထက်ဖြတ်ကြတာကော တံတားကဟောင်းနေတာကြောင့်လည်း ပါတယ်”ဟု ဖြစ်စဉ် သိရှိသူက ခမ်းသားငေါဝ်းကို ပြောသည်။

တံတားကျိုးကျမှုတွင်ကံကောင်းစွာ ကားဆရာ ကြီးကြီးမားမား ဒဏ်ရာမရကြောင်း ၎င်းက ဆက်ပြောသည်။

ထိုတံတား အနီးမှာ ကွင်းလမ်းရှိပြီး ကားကြီးများက ကွင်းလမ်းကိုသာ သွားလာကြကာ မိုးများသည့် အခါတွင် သွားလာရခက်ခဲကြောင်း သိရသည်။

#photo credit

#PPV0011
#မတော်တဆ
#social
#ကျောက်မဲ
#မိုင်းလုံ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295