ခမ်းသားငေါဝ်း
ဇွန် ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/16CqfS2HxZ/

အောင်ပန်းတွင် လမ်းစလစ်ဖြစ်ပြီး ကားနှစ်စီးတိုက်မှုဖြစ်ပွားခဲ့ကာ ကားပေါ်ပါ လူ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းယထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ပန်း- ပင်းတယ သွားလမ်း၊ ကြယ်စင်ဟိန်းစက်သုံးဆီအရောင်းဆိုင် အနီးတွင် ဇွန်လ ၁၈ ရက်နေ့ ည ၅ နာရီအချိန် ခန့်တွင် Crown ကား နှင့် Bongo ကားတို့ တိုက်မှု ဖြစ်ပွားခဲ့သည်။

” အဲ့နေရာက အကွေ့လည်းဖြစ်တယ်၊ Bongo ကားက အခြားကားကိုကျော်တက်လာတာလို့တော့ပြောတယ်၊ အဲ့မှာ မိုးလည်းရွာထားတော့ လမ်းစလစ်ဖြစ်ပြီး မျက်နှာချင်းဆိုင် ကားတိုက်မိသွားတာ” ဟု နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါကားတိုက်မှုကြောင့် ကားပေါ်ပါ လူ ၁၀ ဦးထိခိုက်ဒဏ်ရာရသွားကြောင်းသိရသည်။

” Bongo ကားဖက်က ၉ ဦးထိခိုက်ဒဏ်ရာရတယ်၊ Crown ကားဖက်က ၁ ဦးဒဏ်ရာရတယ်၊ ရင်ခွင်ပိုက်အရွယ်ကလေးငယ်တစ်ဦးလည်းပါတယ်၊ ကံကောင်းလို့ကလေးက ဘာမှမဖြစ်တာ၊အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူတော့မရှိဘူး၊ ပွန်းပဲ့ ဒဏ်ရာတွေပဲ ” ဟု ၎င်း ကဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရလူနာများအား နာရေးကူညီမှုအသင်းအောင်ပန်းမှ အောင်ပန်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

PPV 003
ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#အောင်ပန်းမြို့
#အောင်ပန်းပင်းတယသွားလမ်း
#ကြယ်စင်ဟိန်းစက်သုံးဆီအရောင်းဆိုင်အနီး
#Crown
#Bongo
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7