ခမ်းသားငေါဝ်း
ဇွန် ၊ ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/1CbYZQomba/
လွိုင်လင်မြို့တွင် စစ်မှုထမ်းရန်အတွက် အိမ်ထောင်စုဇယားတွင် ပါရှိသည့်အိမ်ထောင်ဦးစီးများကိုယ်တိုင် မဲနှိုက်ရပြီး ပေါက်သူများစွာရှိကြောင်း ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့ ဇွန်လ ၁၈ ရက်နေ့တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ အမျိုးသားများအားလုံး စစ်မှုထမ်းရန်အတွက် အိမ်ထောင်ဦးစီးများကိုယ်တိုင်သွားပြီး မဲနှိုက်ရပြီး ပေါက်သူများစွာရှိသည်။
“အကုန်လုံးနီးပါးပေါက်ကြတယ်။အမျိုးသားတစ်ရာ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းက ပေါက်ကြတယ်။လူငယ်တွေတော့ ကြောက်ကြတာပေါ့။ မဲပေါက်သူတွေ သူတို့မိသားစုတွေ အိပ်တောင်မပျော်ကြတော့ဘူး။ သူတို့ သားတွေကို စိတ်ပူကြရတာ “ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ယခုစစ်မှုထမ်းခြင်းသည် မြို့တွင်းမရှိဘဲ အဝေးရောက်နေသည့် လူငယ်များလည်း ပေါက်ကြပြီး မဲပေါက်သူများသည် အလှည့်ကျရောက်ရင် မဖြစ်မနေပြန်လာရမည်ဟုလည်း ပြောထားကြောင်း သိရသည်။
မဲနှိုက်ခြင်းကို လွိုင်လင်မြို့ ရက်ကွက် ၁ သာသန ဗိမ္မာန် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ပြီး ယခုလို စစ်မှုထမ်းအတွက် မဲနှိုက်ရခြင်းသည် လွိုင်လင်မြို့တွင် ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။
#PPV005
ပုံ-အွန်လိုင်း
#ရှမ်းပြည်နယ်တောင်ပိုင်း
#လွိုင်လင်မြို့
#အမျိုးသားများအားလုံး
#စစ်မှုထမ်းရန်အတွက်
#အိမ်ထောင်ဦးစီးများကိုယ်တိုင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7