ခမ်းသားငေါဝ်း
ဇွန် ၁၉၊ ၂၀၂၅
https://www.facebook.com/share/p/16SvdfwUBR/
ပင်လုံမြို့တွင် စစ်မှုထမ်းအတွက်မဲနှိုက်ရန် အိမ်တိုင်း စာရောက်လာကြသဖြင့် ဒေသခံလူငယ်များ စိုးရိမ်ကြောက်လှန့်နေကြရကြောင်း ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ယနေ့မနက် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၁၈ မှ အသက် ၃၈ နှစ်အတွင်းရှိ အမျိုးသားများအားလုံး စစ်မှုထမ်းရန်အတွက် မဲနှိုက်ရမည့် စာရောက်လာသဖြင့် စိုးရိမ်နေကြရကြောင်းသိရသည်။
“စစ်မှုထမ်းအတွက် တစ်အိမ်တစ်ယောက်လာရမယ်တဲ့။အိမ်ထောင်စုဇယားပါတစ်ခါတည်းယူလာပြီး စစ်မှုအတွက် အကုန်လုံးအကျုံးဝင်သူတွေအတွက်ပါ မဲနိုက်ပေးရမယ်တဲ့။ မြို့ခံတွေတော့ ကြောက်တာပေါ့”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
စစ်မှုထမ်းအတွက် မဲနှိုက်ခြင်းကို ဇွန်လ၂၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ပင်လုံမြို့ ဝမ်စမ်ခမ်းခန်းမတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူပင် လွိုင်လင်မြို့တွင်လည်း စစ်မှုထမ်းရန်အတွက် ဇွန်လ ၁၈ ရက်နေ့တွင်အိမ်ထောင်ဦးစီးများကိုယ်တိုင် မဲနှိုက်ကြရပြီး အသက် ၁၈ မှ အသက် ၃၈ နှစ်အတွင်းအမျိုးသား အများစု မဲပေါက်ကြကြောင်းသိရသည်။
ယခုလို စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် ခေါ်နေသောကြောင့် လွိုင်လင်၊ ပင်လုံဖက်နေမြို့ခံနေ လူငယ်တစ်ချို့သည် နိုင်ငံခြားသို့ တိမ်းရှောင်သူလည်းရှိကြောင်း သိရသည်။
#PPV005
ပုံ-CJ
#လူ့အခွင့်အရေး
#ပင်လုံမြို့
#အမျိုးသားများအားလုံး
#စစ်မှုထမ်းရန်အတွက်
#မဲနှိုက်ရမည့်စာရောက်လာ
#စိုးရိမ်နေကြရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7