ခမ်းသားငေါဝ်း
ဇွန်လ ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/1BXALXVsGY/

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးပေါ်ရပ်ကွက် တချို့တွင် စစ်မှုထမ်းကြေး ထပ်မံလိုက်လံ ကောက် ခံနေကြောင်း ရပ်ကွက်နေ ပြည်သူထံမှ သိရသည်။

ကျောင်းကြီးစုရပ်ကွက် ၊ နယ်မြေများအတွင်းတွင် ဇွန်လ ၁၈ ရက်က စစ်မှုထမ်းလစဉ်ကြေး ဟု ဆိုကာ အိမ်တိုင်းစေ့ သုံးသောင်းကျပ် ကောက်ခံခဲ့ခြင်း ဖြစ်ပြီး၊ အသက် ပြည့် ပြည့် မပြည့်ပြည့် လစဉ်ကြေး ထည့်ဝင်ရကြောင်း သိရသည်။

“ အရင်ကတော့ အသက်ပြည့်တဲ့ အိမ်တွေပဲ ကောက်မယ်လို့ ဆုံးဖြတ်ထားတာ နောက်တော့ အဆင်မပြေမှု တွေ ဖြစ်ပြီးတော့ အိမ်တိုင်းစေ့ ကောက်ခံ လိုက်တာပဲ။ မဲပေါက်ပြီး မလိုက်ချင်တဲ့ သူတွေကတော့ လူငှားထည့်ရပါတယ်။ ”ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ဆိုသည်။

တောင်ကြီးမြို့ရှိ ရပ်ကွက်များတွင် စစ်မှုထမ်းကြေးများကို အတင်းအကြပ် လိုက်လံ ကောက်ခံလျက် ရှိကြောင်း ကြား သိရသည်။

ဟဲဟိုးရှိ ဝါးရုံပင် ကျေးရွာတွင်လည်း စစ်မှုထမ်း စာရင်း လူဦးရေ ၄၀၀ ကျော် မဲနှိုက်ရာ တစ်ယောက်မကျန် မဲပေါက်ခဲ့ခြင်း ရှိကြောင်းသိရသည်။

ရွာလူကြီးက အသက် ၁၈ နှစ် မှ ၃၅ နှစ် အကြား လူငယ်များကို မလာမနေရ ဆိုပြီး မဲလာနှိုက်ခဲ့ရာတွင် အားလုံး မဲပေါက်ခြင်း ဖြစ်ကြောင်း သိရသည်။

နံပါတ်စဉ်အလိုက် စစ်မှုထမ်း သွားရမည် ဖြစ်ကာ ငွေကြေး အပြည့်အစုံထည့်ဝင်ပါက လူငှားထည့်မည်ဖြစ်ကာ ၊ မထည့်နိုင်ပါက ကိုယ်တိုင် စစ်မှုထမ်းရမည် ဖြစ်ကြောင်း သိရသည်။

#PPV-006
#တောင်ကြီး
#Humanright
#စစ်မှုထမ်း
#ငွေကောက်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295